ကာမိုင်းစစ်ကောင်စီ ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံး လဝါးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တွေ ထိခိုက်

228

 

ဖေဖော်ဝါရီ၊၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းစစ်ကောင်စီ ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံး လဝါးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက် ၁၁ နာရီအချိန်လောက်မှာ ကာမိုင်းဗျူးဟာကုန်းကနေ လက်နက်ကြီး နှစ်ကြိမ် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး လဝါးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်နှစ်လုံး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အိမ်အနီးဝန်းကျင်မှာ ကျရောက်‌ ပေါက်ကွဲခဲ့အတွက် အနီးအနားက သစ်ပင်တွေ၊ ဝက်တွေ ထိခိုက်ခဲ့ပေမဲ့ လူထိခိုက်တာတော့ မရှိဘူးလို့ လဝါးကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ကာမိုင်းဗျူဟာကုန်းက လက်နက်ကြီး နှစ်ချက် ပစ်လိုက်တယ်။ အိမ်အနီးတွေမှာ ကျတော့ ကျည်စနည်းနည်း ထိတယ်။ လူက ထွက်သွားတဲ့အချိန်ဖြစ်တော့ မထိခိုက်ဘူးပေါ့။လို့ ဒေသခံက ပြောပါတယ်။

ဒီကနေ့မနက် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ၁၅၀ မမ အမျိုးအစားလို့ ခန့်မှန်းမိပြီး အခုလို ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

လဝါးကျေးရွာဟာ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်း တည်ရှိပြီး ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်ကျော် နေထိုင်တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here