မေ၊၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းက မိုင်ထောင်းကျေးရွာတွင် ယနေ့ နေ့လယ်(၁)နာရီဝန်းကျင်က ပစ်ခတ်သံများ ကြားလာရကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ မရောက်မီ မိုင်(၃၀)ဝန်းကျင် ဝေးသည့် အဆိုပါကျေးရွာတွင် ယနေ့ နေ့လယ်က စပြီး ပစ်ခတ်သံ ကြားလာရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မိုင်ထောင်းမှာ ဖြစ်တာ။ ဒေသခံတွေက အိမ်မှာပဲ နေကြသေးလား မသိဘူး။ တောထဲ ပြေးပြီလား မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ယင်းကျေးရွာသည် အိမ်ခြေ (၂၀)ဝန်းကျင် ရှိကြောင်း သိရပြီး လက်ရှိ မြစ်ကြီးနား – ပူတာအို လမ်းမပေါ်ရှိ ဆွမ်ပရာဘွမ်မြို့ နှင့် တီယန်ဇွပ်ကျေးရွာကြားတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေပြီး မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။







