ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

1022

ဧပြီ၊၁၃

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်း ခင်ဒူယန်ရွာအနီးတွင် ယနေ့ ဧပြီလ (၁၃) ရက်နေ့ နံနက် (၁၁)နာရီချိန်ခန့်က စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ (၁)တပ်ရင်း (၇) မှ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့အား အသင့်စောင့်ကြိုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

” ရွာနဲ့က နည်းနည်းဝေးတဲ့ နေရာမှာဖြစ်တာ။ နေ့လယ်လောက်ကနေ အသံတွေအကြာကြီး ကြားနေရတာ ညနေဘက်မှာတော့ ပြန်ငြိမ်သွားပြီ။သွားလာတဲ့သူတွေကလည်း ပြန်ခေါက်ခဲ့ကြတယ်” ဟု ဒေသခံတစ်ဦးက ‌မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ယနေ့ မနက် (၁၁) နာရီချိန်ခန့်က စတင် ဖြစ်ပွားခဲ့သည့် ယင်း တိုက်ပွဲသည် (၄)နာရီကျော်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖက်က သေဆုံးသူများလည်းရှိနိုင်ကြောင်း ဒေသခံရွာသားများက သုံးသပ်ကြသည်။

#ပုံဟောင်းအသုံးပြုထားခြင်းဖြစ်ပါသည်

LEAVE A REPLY

Please enter your comment!
Please enter your name here