ဧပြီ-၁၄
တနိုင်းမြို့နယ် တိန့်ကောက်ကျေးရွာအနီး ကျိမ်နမ့်လမ်းခွ ( Chyingnam lam braw) ရ၀မ်ကုန်း (Rawang Kawng) တွင် ယမန်နေ့ ဧပြီလ (၁၃)ရက်နေ့ ည (၅) နာရီချိန်ခန့်က စစ်ကောင်စီ၏ ရိက္ခာတင်သည့် မော်တော်ယာဉ် (၂) စီးကို KIA မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၎င်းရိက္ခာတင်သည့် မော်တော်ယာဉ်တန်းသည် တနိုင်းမြို့ဘက်သို့ ဦးတည်လာသည့် စစ်ယာဉ်တန်းဖြစ်ကြောင်းသိရသည်။
” လမ်းမှာတော့မဟုတ်ဘူး။ ခြုံပုတ်ထဲမောင်း၀င်ခိုင်းပြီးတော့ မီးရှို့လိုက်တာထင်တယ်။ မနေ့က (၆) နာရီ လောက် အထိတော့ မီးလောင်နေတုန်းဟုတ်တယ်” ဟု မီးလောင်ကျွမ်းနေမှုကို တွေ့မြင်ခဲ့သူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ယနေ့ ဧပြီလ (၁၄) ရက် နံနက်(၁၁) နာရီခွဲချိန်ခန့်က တိန်ကောက်ကျေးရွာရှိ စစ်တပ်စခန်းက လက်နက်ကြီး များဖြင့် ပစ်ခတ်နေ ကြောင်းသိရသည်။







