တိုက်ပွဲများကြောင့် မိုးမောက် KBC ဘုရာကျောင်းသို့ စစ်ရှောင်လာသူ (၅၀၀) ကျော်ရှိလာ

800

ဧပြီ၊၂၀

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မိုးမောက်မြို့ KBC ဘုရာကျောင်းသို့ စစ်ရှောင်လာသူဦးရေ (၅၀၀) ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းစစ်ရှောင်စခန်းသို့ စစ်ရှောင်ဦးရေ (၅၂၃)ဦး ရောက်ရှိနေပြီဖြစ်ကာ ယနေ့ ဧပြီလ (၂၀) ရက်နေ့တွင်လည်း နောင်ချိုကျေးရွာမှ (၃၀) ဦးရောက်ရှိခဲ့ပြီး စား၀တ်နေရေးအတွက် အခက်အခဲ ရှိနေကြောင်းလည်း သိရသည်။

ဓါတ်ပုံ- ယနေ့စစ်ဘေးတိမ်းရှောင်လာသည့် နောင်ချို ကျေးရွာသူ/သားများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း မတ်လ (၁၁) ရက်နေ့မှ စတင်ကာ စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော၊ နွမ်လန်း၊ နောင်ချို စသည့်ကျေးရွာများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here