ဖားကန့်တွင် အသက် (၃၉) နှစ်အရွယ် CDM အမျိုးသားတစ်ဦး ပစ်သတ်ခံရ

647

မတ်၊၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက် ညောင်ပင်ကုန်းအနီးတွင် ဆိုင်ကယ်စီးလာသည့် အသက်(၃၉)နှစ်အရွယ် အမျိသားတစ်ဦး ယနေ့ ညနေ(၃)နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းအမျိုးသားသည် ၎င်း၏ အမျိုးသမီးနှင့် ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့် ဦးခေါင်းတွင် နှစ်ကြိမ် ပစ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

၎င်းသည် ယခင်က အေးမြသာယာရပ်ကွက်ရုံးတွင် ရုံးအကူအဖြစ် လုပ်ကိုင်ခဲ့ပြီး CDMလုပ်နေသည့်သူ ဖြစ်သောကြောင့် ဗျူစောထီးများက ပစ်သတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“သူတို့က သောင်းချိုမှော်မှာ နေတာ။ သူ့ အမျိုးသမီးနဲ့ ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရတာ။ ခေါင်းမှာ (၂)ခါထိတာ ။ ဖားကန့် သွားတဲ့ လမ်းမှာ ဟုတ်တယ်။ သူ့ အမျိုးသမီးတော့ ဘာမှ မဖြစ်ဘူး။ အရင်က အေးမြသာယာ ရပ်ကွက်ရုံးမှာ ရုံးအကူအနေနဲ့လည်း လုပ်ဖူးတယ်။ အခုက အကုန် CDMဝင်‌ တော့ပိတ်ထားလို့ သူက အေးဆေးနေနေပြီ။ သူက ဒလန်တော့ မဟုတ်ဘူး။ ဗျူစောထီးတွေ သတ်တာ ဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

၎င်းကို ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here