လိုင်ဇာမြို့ ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ Quarantine  စင်တာက လူအချို့ အိမ်ပြန်ခွင့်ရရှိ

1429

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့အနီးရှိ  မိုင်ဆပ်ပါ Quarantine စင်တာတွင် Quarantine ပြုလုပ်ထားသူ စုစုပေါင်း ၁၈ဦးရှိသည့် အနက် ၆ ဦး အိမ်ပြန်ခွင့်ရရှိပြီ ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဖျားနာသည့်လူနာများ Quarantine  စင်တာ နှင့် ဆေးရုံတို့တွင် ထပ်မံရောက်ရှိလာခြင်း မရှိတော့ကြောင်း လိုင်ဇာမြို့ COVID-19 ကာကွယ်တားဆီးရေးကော်မတီမှ အတွင်းရေးမှူး ဦးဟိန်ဝေါမ်က ပြောသည်။

” အကုန်လုံးက သတိထားပြီးနေထိုင်ကြတာကို တွေ့ရပါတယ်။ ” ဟု ဦးဟိန်ဝေါမ်က ဆိုပါတယ်။

Quarantine  စင်တာတွင် သံသယလူနာ ၃ ဦးရှိပြီး ၄င်းတို့ကို လိုင်ဇာမြို့ရှိ သတ်မှတ်ထားသည့်နေရာတွင်  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း နှင့် ယင်းသံသယလူနာများတွင် COVID ရောဂါပိုး မတွေ့ရှိရကြောင်း ဦးဟိန်ဝေါမ်က ပြောသည်။

”ပထမသံသယလူနာကို ကျွန်တော်တို့ ၂၄နာရီအတွင်း ဆေးစစ်တာ Negative ဖြစ်ပြီဆိုတော့ ကျန်တဲ့သူတွေကို မစစ်တော့ဘူး။ နှစ်ခါအတည်ပြန်ပြုတော့လည်း Negative ပဲဖြစ်တော့ Negative ပဲလို့သတ်မှတ်လိုက်ပြီ။”  လို့ ဦးဟိန်ဝေါမ်က ပြောပါတယ်။

သံသယလူနာများတွင် ကိုယ်ပူသည့် လက္ခဏာများမတွေ့ရတော့ကြောင်း နှင့် သတ်မှတ်ထားသည့် Quarantine  ရက်ကာလကုန်လွန်ပါက အိမ်ပြန်ခွင့်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here