ကိုအောင်ဟိန်းမင်းပြောပြသည့် ဖားကန့်က (PDF) ရန်ပုံငွေ ခေါင်းစဉ်ဖြင့် အလှူငွေကောက်ခံနေမှုအကြောင်း

731

ဖေဖော်ဝါရီ၊၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းပြည်သူ့ကာကွယ်ရေးတပ် (PDF)ရန်ပုံငွေ ခေါင်းစဉ်ဖြင့် အလှူကောက်ခံမှုအမျိုးမျိုး ရှိနေသောကြောင့် ပြည်သူများ သတိထား ဆင်ခြင်ကြရန် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်က တဆင့် အသိပေးရေးသားထားသည်။

လက်ရှိတွင် မှန်မှန်ကန်ကန် ဆောင်ရွက်နေသူများ ရှိနေသော်လည်း တစ်ဖက်တွင် တော်လှန်‌ရေးကို အကြောင်းပြကာ ကိုယ်ကျိုးရှာမှုများ ရှိကြောင်းလည်း ပါရှိသည်။

အလှူခံသည့်သ​ဘောမ​ဆောင်ဘဲ အခွန်ကဲ့သို့ ​ကောက်ခံခြင်း၊ အတင်းအကြပ် ထည့်ဝင်​စေခြင်း၊ ခြိမ်း​ခြောက်ခြင်း၊ လိမ်လည်ခြင်းများ ရှိ​နေ​ကြောင်း လည်း သိရသည်။

အလှူ​ငွေ​ကောက်ခံသူကို ကာယကံရှင်ကိုယ်တိုင်က ယုံကြည်ရသူဖြစ်၍ ​ကျေနပ်စွာထည့်ဝင်လှူဒါန်းခြင်းကို ဆိုလိုခြင်းမဟုတ်ကြောင်းနှင့် PDF ရန်ပုံ​ငွေ​ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံခြင်း​ကြောင့် မ​ကျေနပ်မှုများ၊ သံသယဖြစ်ဖွယ်များ ရှိပါက မိမိထံ ဆက်သွယ်အ​ကြောင်းကြားနိုင်​ကြောင်း ​၎င်းက ဆိုသည်။

ထို့အပြင် ၎င်း၏ အမည်ဖြင့် အလှူ​ငွေ​ကောက်ခံရန် တဆင့်တာဝန်​ပေးထားသူများ မရှိ​ကြောင်းနှင့် ၎င်းအမည်ကို သုံး၍ အလှူခံမှုများရှိပါက အတုအ​ယောင်သာ ဖြစ်​ကြောင်း ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းက ယခုကဲ့သို့ ရှင်းလင်း ပြောပြထားသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here