ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမကြီးရှိ ဝါရာဇွပ် ကျေးရွာ အုပ်စု စံပြကျေးရွာ အစွန်ပိုင်းတွင် ရှိသည့် ဌာနေပြည်သူ့စစ်စခန်းကို KIA တပ်ဖွဲ့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
၎င်းတပ်စခန်းသည် ခလရ ၂၉၇ တပ်ရင်း လက်အောက်ခံမှ ဖြစ်ပြီး KIA တပ်မဟာ ၂ တပ်ရင်း ၁၄ တို့နှင့် တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” ဒီမနက် ၂ နာရီခွဲလောက်ကနေ သေနတ်သံတွေကြားရတယ် လက်နက်ကြီး အသံ တွေလည်း ပါတယ် မနက် ၅ နာရီအချိန်လောက်မှ ငြိမ်သွားကြတာ” ဟု စံပြကျေးရွာသား တစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာအတွင်းသို့ ကျည်၊လက်နက်ကြီးများ ၊ကျရောက်ပေါက်ကွဲ ခြင်းမရှိခဲ့ကြောင်းလည်း ဒေသခံများမှ သိရသည်။
ဌာနေပြည်သူ့စစ်စခန်းသည် ယခင်က ရှဒူးဇွပ် ကျေးရွာတွင်ရှိပြီး ၂၀၁၉ ခုနှစ် တွင် စံပြကျေးရွာသို့ ပြောင်းရွှေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။







