ဧပြီ၊ ၁၂
အဆိုပါ စီအင်၊ငါးမိုင်ဂိတ်တွင် ( ၂၀၂၁) ခုနှစ်ကတည်းက စစ်ဆေးမှုများရှိခဲ့သော်လည်း လွန်ခဲ့သည့် အပတ်မှစတင်ကာ ပိုမိုစစ်ဆေးလာကြောင်းနှင့် စစ်ဆေးရေးဂိတ်များ တိုးလာကြောင်း မိုးမောက်ဒေသခံ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဒီနှစ်ပါတ်ကြားမှာ စစ်ဆေးမှုပိုထူလာတာ။ အရင်ကတော့ ရဲတွေပဲစစ်တယ်။ ခုက ရဲတွေတစ်ဖက် ၊ စစ်သားတွေတစ်ဖက် ဝတ်စုံပြည့်နဲ့ စစ်နေကြတာ။ အင်အားတွေ များလာတယ်။ စစ်သားတွေက မြင်နေကျတွေမဟုတ်ဘူး။ တွေ့ခဲ့တာတော့ တပ်မ(၈၈)လို့ရေးထားတယ်။ ဘယ်တပ်ရင်းကလဲတော့ မသိဘူး။ပိုဆိုးတာက ညနေပိုင်း သူတို့သတ်မှတ်ထားတဲ့ ချိန်မပြည့်ခင်မှာ တံခါးပိတ်တာတွေရှိတယ်။” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများအပါအဝင် နေ့၊ ည အင်အား(၃၀)ခန့်ချထားပြီး ဖြတ်သွား/လာ ပြည်သူများ၏ ဆိုင်ကယ်၊ ကားများနှင့် နိုင်ငံရေးစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)များကို စစ်ဆေးနေသည်ဟုဆိုသည်။
ယင်းဂိတ်တွင် မနက်(၆)နာရီမှ ည(၇)နာရီထိသာ ဖြတ်သန်းသွားလာခွင့် ပြုထားသည့်အပြင် ကွင်းလမ်း အခြေအနေဆိုးသည့်အတွက် အရေးပေါ်လူနာများပို့ဆောင်ရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ဒေသခံက ဆိုသည်။