ဘူးဂါးမှ ဧပြီလအတွင်း လျှပ်စစ်ဓာတ်အား ယူနစ် ၁၅၀ အခမဲ့ပေးဖို့ ရှိတယ်ဆိုတဲ့ ဘူးဂါးကုမ္ပဏီလီမိတက် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မှ မန်နေဂျာ ( ဖြန့်ဖြူး) ဦးလအောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

2230
ဦးလအောင်
ဘူးဂါးကုမ္ပဏီလီမိတက် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မှ မန်နေဂျာ ( ဖြန့်ဖြူး) ဦးလအောင်

ဘူးဂါးအနေနဲ့ COVID-19  ရောဂါကြောင့် လျှပ်စစ်ဓာတ်အား မီတာခတွေကို ဘယ်လိုမျိုးကောက်ခံနေပါသလဲခင်ဗျ ။

ဘူးဂါးလျှပ်စစ်ရုံးတွေဖြစ်တဲ့ စီတာပူရုံး ၊ယုဇနရုံး ၊စီတာပူရုံး ၊ရှဒေါင်ရုံး၊ ကဝါးခရုံးတွေမှာ ဓာတ်အားခတွေကိုလက်ခံပေးနေသလို  ရက်ကွက်၊ကျေးရွာတွေမှာလည်း ကျွန်တော်တို့ မိုဘိုင်းတွေနဲ့ ရက်ကွက်ရုံးတွေ နယ်မြေမှူးရုံးတွေမှာ လိုက်ကောက်ခံပေးနေပါတယ်။

ရက်ကွက်တွေမှာ ဆောင်ရမယ်ဆိုတော့ ဆရာတို့အနေနဲ့ လူစုလူဝေး မဖြစ်အောင် ဘယ်လိုစီစဉ်ထားလဲ ဗျ ။

မြို့ရုံးတွေမှာတော့ ခင်များတို့မြင်တဲ့အတိုင်းဘဲဆောင်ရွက်ပေးထားပါတယ် ရက်ကွပ်အုပ်ချုပ်ရေးမှူးတွေကလည်းပြည်သူတွေအတွက်ပူးပေါင်းပါဝင်ပြီးဆောင်ရွက်ပေးနေပါတယ် စနစ်တကျထိုင်ခုံလေးတွေနဲ့၃ပေအကွာမှာ နဲ့လုပ်ပေးတဲ့အုပ်ချုပ်ရေးမှူးတွေ ရှိသလိုလက်ဆေးတာတို့ဘာတို့ အကုန်လုံးဆော်အော်ပေးနေတဲ့ အနေအထားလဲရှိပါတယ်။

ရက်လွန်ကြေးပေးစရာမလိုဘူးလို့လည်း ကြားသိရတယ် ဒီအပေါ်မှာလည်း ရှင်းပြပေးပါအုံး ခင်ဗျ။

အခုဧပြီလမှာကောက်နေတဲ့ဓာတ်အားခသည် မတ်လအတွက်ဖြစ်တယ် ကျွန်တော်တို့သည်ရက်လွန်ကြေးလို့ပြောနေတဲ့ မီးစက်ကြေး၊ ဒဏ်ကြေးတို့ပေါ့ အများပြည်သူများနေတဲ့ ဟာတွေလည်းကောက်ခံခြင်းမပြုပါဘူး ပြည်သူတွေကဒါကိုစိုးရိမ်ပြီးရုံးမှာ ဓာတ်အားခဆောင်တဲ့နေရာမှာ စုပြီးလာဆောင်နေကြတယ် အဲဒါတွေကိုရော ဖြေလျော့ထားပါတယ်

ရန်ကုန်မှာ ဧပြီလကုန်အထိ လျှပ်စစ်ဓာတ်အား ယူနစ်၁၅၀ အခမဲ့ပေးမယ်လို့သိရသည် ဒီမှာရော ပေးဖို့ ညွှန်ကြားချက် ရပြီလား။

ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး  ညွှန်ကြားချက်တွေကျထားပြီးဖြစ်ပါတယ်။ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ ဘူးဂါးကုမ္ပဏီလီမိတက်နဲ့လည်း ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ပေးမယ်ဆိုတာရှိပါတယ် ဒါကတော့ညွှန်ကြားချက်ဆိုတဲ့အတိုင်းတကယ်အကောင်အထည်ဖော်ပေးရမယ့် လုပ်ငန်းတစ်ခုဖြစ်ပါတယ် ။

ဘယ်တော့လောက်အကောင်အထည်ဖော်သွားမလဲ ၊ ဘယ်လအထိဖြစ်မလဲ ခင်ဗျ။

ဒီလသုံးမယ်ဟာကို နောက်လမှ မီးဘေလ်ဝေရမှာဖြစ်တယ် ။ ဘေလ်ဝေတဲ့အခါပေါ်လာပါလိမ့်မယ် နောက်လဘေလ်ဝေတာနဲ့ အကောင်အထည်ဖော်ပါပြီ ။ အကန့်အသတ်က ညွန်းကြားချက်အတိုင်းပဲ အများပြည်သူတွေ ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဓာတ်အား သုံးစွဲထားတာကို ယူနစ် ၁၅၀ အထိ လျှော့ချပေးဖို့ ထုတ်ပြန်ကြေညာထားပါတယ် ။

ဟုတ်ကဲ့ပါ နောက်ဆုံးတစ်ခုအနေနဲ့ လူစုလူဝေးနဲ့ မီတာခဆောင်ရမှာကို  ပြည်သူတွေစိုးရိမ်နေကြတဲ့အပေါ်မှာ ဆရာအနေနဲ့  ဘာများဖြည့်စွက် ပြောကြားလိုပါသလဲခင်ဗျ။

ကျွန်တော်တို့လည်း ပြည်သူတစ်ယောက်ဖြစ်တယ်အများပြည်သူစိုးရိမ်နေတဲ့ အတွက် ကျွန်တော်တို့ရောစိုးရိမ်တယ်ဒါကြောင့်မို့  ကျွန်တော်တို့ ဒီရောဂါကြိုတင်ကာကွယ်ဖို့ အတွက်လျှပ်စစ်နဲ့ပက်သတ်တဲ့ကိစ္စရပ်တွေမှာ အများပြည်သူ တွေကလည်း ပူးပေါင်းပါဝင်ပေးပြီးတော့မှ ကျွန်တော်တို့ လျှပ်စစ်ခဆောင်ပြီးအများပြည်သူရောဂါပြန့် ပွားမှုမရှိစေအောင် ပူးပေါင်းပါဝင်ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။

Ah Je

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here