ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မေလ ၁၁ ရက်နေ့တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် Mytel kachin Branch တို့ပူးပေါင်း၍ မိုင်းနားကျေးရှိ KBC စစ်ရှောင်စခန်း၊ မိုင်းနား လဝေါ်စစ်ရှောင်စခန်းနှင့် မိုင်းနား AG စခန်း စသည့် စစ်ရှောင်စခန်းသုံးခုကို ရိက္ခာဆန်နှင့် Face Mask များ သွားရောက် လှူဒါန်းခဲ့ ကြသည်။
၎င်းအစီအစဉ်ကို ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးနော်လီ နှင့် Mytel Kachin Branch မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရိက္ခာဆန်နှင့် Face Mask များကို IDP Camp တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။