မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်တွင် ပါဝင်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံံရ

761

မိုးညှင်း၊မတ်(၁၁)

ယနေ့ မတ်(၁၁)ရက်မနက်ပိုင်းက မိုးညှင်းမြို့အတွင်း
စစ်ကားနှင့် ရဲကားယာဥ်တန်းများနှင့် မြို့အနှံ့
လှည့်လည်တင်းကြပ်နေသော်လည်း စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း မိုးညှင်းလူငယ်အချို့ကဆိုင်ကယ်သပိတ်ဖြင့်လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆိုင်ကယ်သပိတ်စစ်‌ကြောင်းနောက်သို့ ရဲနှင့်စစ်တပ်အဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ သိမ်အင်းရပ်ကွက်အရောက်တွင် အရှေ့စုရပ်ကွက်မှ မခိုင်ဇာဝင်းဆိုသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို မိုးညှင်းမြို့တွင် တစ်လကျော်ဆန္ဒထုတ်ဖော်လျှက်ရှိပြီး ပြီးခဲ့သည့် မတ်လ(၈)ရက်နေ့ကလည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းချိန် အမျိုးသားတစ်ဦး လက်မောင်းတွင်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး၊အမျိုးသမီးတစ်ဦး၏ ခါးတွင် ရာဘာကျည် ထိမှန်ခဲ့သည်။

လက်ရှိမိုးညှင်းမြို့တွင် စစ်အာဏာသိမ်းကောင်စီအားဆန့်ကျင်ဆန္ဒပြရာတွင်ပါဝင်မှု‌ကြောင့် ဖမ်းဆီးခံရသူ ဖေဖော်ဝါရီ (၂၁)ရက်ညတွင် ကိုဝင်းညီညီထွန်း(ခ)နတ်ဆရာနှင့် ကိုကျော်ကောင်းတို့ ၂ယောက်အား သဘာဝဘေးစီမံဆိုင်ရာဥပဒေပုဒ်မ (၂၅)ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးသည့်မတ်လ (၈)ရက်နေ့က လည်း စီတန်းလှည့်လည်ရာတွင်ပါဝင်သူ (၂)ဦးအနက် တစ်ဦးပြန်လွှတ်ပေးခဲ့ပြီး ရေလယ်ကျွန်းရပ်ကွက်နေထိုင်သူ မမေသဲကို ပုဒ်မ ၅၀၅ (က)ဖြင့်ဖမ်းဆီးခဲ့သည်။

ယနေ့မတ်လ(၁၁)ရက်နေ့တွင်လည်း ဆိုင်ကယ်သပိတ်လှည့်လည်ရာတွင်ပါဝင်သူ အရှေ့စုရပ်ကွက်(၃)တွင်နေထိုင်သူ မခိုင်ဇာဝင်းအား မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုချုပ်နှောင်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here