ရွှေကူမြို့နယ်က မီးလောင်သေတဲ့သူ

952

မေ ၁၀
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာနှင့် တစ်မိုင်ခန့်တွင် မီးဖိုမီးကြွင်းမီးကျန်မ မီးလောင်ခြင်းကြောင့် မေလ ၉ ရက်က အခင်းယာတဲတစ်လုံးနှင့် လူတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ဗန်းမော်မြို့၊ ခရိုင်မီးသတ် ဦးစီးဌာနမှသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၁၀ ပေပတ်လည် သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်တဲတစ်လုံးနှင့် နောင်လတ်ကြီးကျေးရွာတွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ်ရှိ ဦးလှငွေက ခြေ၊ လက်များမီးကျွမ်း၊ ဦးခေါင်းခွံပွင့်ထွက်ကာ ခန္ဓာကိုယ်မီးလောင်ကျွမ်း ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသိရသည်။

မီးလောင်ခဲ့သည့် တဲတွင် သေဆုံးသူ အမျိုးသားနှင့် ၎င်း၏ဇနီးတို့ အတူတကွနေထိုင်ကြကြောင်း၊ ဇနီးဖြစ်သူသည် အခင်းမဖြစ်မီ မေလ ၇ ရက်ကတည်းက သမီးဖြစ်သူမှ မီးဖွားချိန်နီး၍ နောင်လတ်ကြီး ကျေးရွာသို့ ပြန်အိပ်ခဲ့ကြောင်း၊ သေဆုံးသူမှာ အလွန်မူးနေကြောင်းသိရသည်။

ဇနီးသည်က မေလ ၁၀ ရက်နေ့တွင် ခင်ပွန်းဖြစ်သူရှိရာ အခင်းယာတဲသို့ ခေတ္တပြန်လာကြည့်ရှုစဉ် တဲအိမ်မှာ မီးလောင်ကျွမ်းထားပြီး မီးလောင်တဲအတွင်း ဦးလှငွေကို တွေ့ခဲ့သဖြင့် ကျေးရွာရာအိမ်မှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ရွှေကူ မြို့မရဲစခန်းမှ သက်ဆိုင်ရာ မှုခင်းဆရာဝန်များဖြင့် စစ်ဆေး၍ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here