လွယ်ဂျယ်မြို့ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ ငွေသားဓါတ်ပုံတွေကို အသုံးပြုပြီး “KIA က ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို ခိုးယူသွားတယ်ဆိုတဲ့” သတင်းအမှားဖြန့်ဝေ

177

 

ဧပြီ၊၁၂

တရုတ်ပြည်အစပ် ကချင်ပြည်နယ်၊လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ ငွေသားဓါတ်ပုံတွေကို အသုံးပြုပြီးတော့ “KIA က ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို ခိုးယူသွားတယ်ဆိုတဲ့” သတင်းအမှားကို စစ်ကောင်စီလော်ဘီ ချန်နယ်တစ်ခုဖြစ်တဲ့ မှိင်းဝေ Telegram Channel ကနေ ဧပြီလ ၁၀ ရက်နေ့က စတင်ပြီးတော့ သတင်းအမှားတွေ ရေးသားဖြန့်ဝေလာပါတယ်။

အဲဒီသတင်းအမှားကို ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ထိ ဝင်ရောက်ကြည့်ရှုသူ ၃,၈၀၀ နီးပါးရှိနေသလို Like(React) လုပ်သူ ၃၀၀ ကျော် နဲ့ ပြန်လည်မျှဝေသူ ၃၀ ကျော်ထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က လွယ်ဂျယ်မြို့ထဲက စစ်ကောင်စီတပ်သားတွေဟာ စခန်းစွန့်ခွာ ထွက်သွားကြတာဖြစ်ပြီးတော့ စစ်ကောင်စီတပ်စခန်းကနေ ငွေသားတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ရဲ့ ဘဏ္ဍာငွေအဖြစ် ရှိနေမယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောကြားထားပါတယ်။

အတည်ပြုပြောကြားထားတဲ့ သတင်းကိုလည်း

https://www.facebook.com/share/p/V5UsW6p3mQ6FyPug/?mibextid=oFDknk

အခု Link ကနေ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ဒေသတွင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေနဲ့ ယုံကြည်စိတ်ရချရတဲ့ သတင်းဌာနကြီးတွေမှာတော့ လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကနေ မြန်မာကျပ်ငွေ သိန်းပေါင်းတစ်သောင်းထက် မနည်းတဲ့ ပမဏာကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားကြတာပါ။

ငွေကျပ်သိမ်းဆည်းရမိတဲ့ ဓါတ်ပုံတွေကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတာကို ဖုံးကွယ်ပြီးတော့ ဘဏ်တွေကပြည်သူ့အပ်နှံငွေတွေကို KIA က ခိုးယူတယ်ဆိုပြီး သတင်းအမှား ဖြန့်ချိနေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း အဲဒီဖြန့်ချိနေတဲ့ သတင်းအမှားကို ပြန်လည်မမျှဝေဖို့ နဲ့ မယုံကြည်ကြဖို့ လိုအပ်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက သတင်းတွေကိုပဲ ဖတ်ရှုကြဖို့ လိုအပ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here