ကချင်ပြည်နယ်ဖွား Celebrity များရဲ့ လတ်တလော အနုပညာ

2988
Maran Seng Naw

မရန်ဆိုင်းနော်

လတ်တလော ကချင်အနုပညာရှင်များအသင်းချုပ်ကနေပြီးတော့ ပြုလုပ်ကျင်းပတာပေါ့နော်၊ Kachin Fashion Music Festival မှာ Show Director အနေနဲ့ ပါဝင်ဖို့ရှိတယ်။ သီချင်းဆိုဖို့အနေနဲ့ရော ပါဝင်ဖို့ရှိပါတယ်။ အဲ့ဒါကတော့ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ မနောကွင်းမှာ လုပ်မယ့်ပွဲဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် များအသင်းကနေ ပြုလုပ်ကျင်းပမယ့် Myanmar Ethnic Culture Festival (MECF) အဲဒီပွဲမှာလည်းပဲ ပါဝင်ဖို့ရှိပါတယ်…ဟုတ်။ သီချင်းနဲ့ပတ်သက်ရင် ဒီနှစ်မကုန်ခင် Single သီချင်းထွက်ဖို့ ရှိပါတယ်။ ထွက်လာလို့ရှိရင်လည်း အားလုံးကို အကြောင်းကြား မှာပါ။ အခုက အနုပညာအလုပ်လုပ်နေတဲ့အတွက် ပရိသတ်တွေအတွက်ပဲ စဉ်းစားပြီး လုပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သီချင်းခွေသာ မထွက်ဖြစ်တာပေါ့နော်။ ဒါပေမဲ့ အနုပညာ အလုပ်တော့ တောက်လျှောက် လုပ်နေပါတယ်။ ပြီးလို့ရှိရင် လာမယ့်နှစ်မှာလည်း ဆိုင်းနော် Live Show ကိုလည်း ပြန်လည်ပြီးတော့ ကြည့်ခွင့်ရမယ်လို့ယုံကြည်ပါတယ်။ ပရိသတ်တွေနဲ့ အတူ ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်အခုကတည်းကနေ ပြင်ဆင်နေပါပြီ ဟုတ်ကဲ့။

Esabel Ja Bawk

Esabel ဂျာဘောက်

လတ်တလောအနုပညာလှုပ်ရှားမှုဆိုရင်တော့ အခုက ပွင့်လင်းရာသီဖြစ်တဲ့အတွက် မြို့တွင်းရော၊ နယ်တွေမှာပါ ရှိုးပွဲတွေလိုက်ဆိုဖြစ်နေတယ်။ ပြီးတော့ အဘောက်က Third Goal ဖြစ်တဲ့ Third Album ကိုလည်း လုပ်နေပါတယ်။ ဒီကနည်းနည်း ထူးခြားမှုရှိမယ်။ ရှေ့မှာ ထင်ထားတာထက် လုံးဝပုံစံ Change သွားသလိုမျိုးတွေ့ရမယ်။ အော်…Esabel ဂျာဘောက် အဲ့လိုလုပ်ပါလားပေါ့နော်။ အဲ့ဒီလိုပုံစံဖြစ်အောင် လုပ်ထားတယ်။ ပိုလည်း အားစိုက်ထုတ်ပြီး လုပ်ထားတယ်။ ပြီးတော့ Music တွေကိုလည်း Upgrade လုပ်ထားပါတယ်။ သီချင်းအမျိုးအစားလည်း စုံမယ်။ နောက်နှစ်လောက် ထွက်နိုင်ဖို့လုပ်ထားပါတယ်။ အဘောက်တို့က ပရိသတ်တွေကြောင့်၊  ပရိသတ်ရှိလို့သာ ဒီလိုမျိုး အဘောက်ရပ်တည်လို့ရတဲ့အတွက် ပရိသတ်တွေအတွက် အရမ်းကြိုးစားနေပါတယ်။ ပိုပြီးတော့လည်း အားပေးကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ပရိသတ်တွေအားလုံးလည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေဆိုလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

P Ja Seng Bu

P ဂျာဆိုင်းဘူ

အခုတလော အနုပညာလှုပ်ရှားမှုက လွန်ခဲ့တဲ့ ၁၀ လပိုင်းလောက်ကပဲ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ “အောက်ဖဲမလှန်ကြေးနော်” ဇာတ်ကားရိုက်ထားပါတယ်။ ပြီးတော့အခုက မြစ်ကြီးနားရောက်နေတယ် ပေါ့နော်။ ကချင်ရိုးရာဝတ်စုံနဲ့ Photo Shooting လည်း ရိုက်ပြီးသွားပြီ။ အခုလောလောဆယ်က ဒီမှာရောက်နေတယ်… ရန်ကုန်ပြန်ရောက်ရင်တော့ မြန်မာသီချင်း MTV ရိုက်ဖို့ရှိပါတယ်။ တောက်လျှောက် ရှေ့ဆက်ပြီးမှပေါ့နော်.. ဒီမြန်မာရုပ်ရှင်လောကဘက် ဆက်သွားဖို့ရှိပါတယ်။ ပရိသတ်တွေကိုလည်း အခုလို အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခု ဒီအချိန်အထိ လက်ခံအားပေးတဲ့အတွက်ရော။ ဆက်လက်ပြီးတော့လည်း အားပေးကြပါလို့။ ရှေ့ဆက်ပြီးတော့လည်း အရမ်းကြိုးစားဖို့ရှိပါတယ်။ အဲ့ဒါကြောင့် ကြိုးစားတဲ့အချိန်မှာ ကိုယ့်ရဲ့အားနဲ့ပဲ မရဘူး။ ပရိသတ်တွေအားပေးမှပဲ အဆင်ပြေမယ်။ အားပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ အားလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။

NT Seng Noi

NT ဆိုင်းနွယ်

လတ်တလောအနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ အခုတလောကပဲ ကချင်အနုပညာရှင်များ အသင်းချုပ်ကနေ ဦးဆောင်ရိုက်ကူးတဲ့ ဇာတ်ကားမှာ ပါဝင်ရိုက်ကူးထားပါတယ်။ ပြီးတော့ ကမ်းလှမ်းထားတဲ့ Mtv လေးတွေလည်း ရိုက်ဖို့ရှိပါတယ်..ဟုတ်။ ပရိသတ်တွေကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။

Tsap Ja Dim Kai

Tsap Ja Dim Kai

လတ်တလော ကတော့ မန္တလေးမှာ ရှိုးလျှောက်ပြီးသွားပြီ။ အခုက မိုးကုတ်မှာ အစ်ကိုဆိုင်းနော်တို့နဲ့ Myanmar Ethnic Culture Festival အဲ့ဒီအတွက် ကြော်ငြာ Vedio လည်း ရိုက်ပြီးသွားပြီ။ ရန်ကုန်ရောက်ရင်လည်း ရှိုးပွဲတွေ၊ ပွဲတက်ဖို့တွေလည်းရှိတယ်။ ပြီးတော့ ချင်းမိုင်ဘက်ကို သွားဖို့လည်းရှိတယ်။ နောက်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ မနောင်ကွင်းမှာ ကျင်းပမယ့် Kachin Fashion Music Festival မှာလည်း ရှိုးလျှောက်ဖို့ရှိတယ်။ ပရိသတ်တွေကို ပြောချင်တဲ့စကားဆိုရင်တော့ အခုထိ မမေ့ဘဲနဲ့ အခုချိန်ထိ အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့။ အခုလာမယ့် Christmas နဲ့ နှစ်သစ်ကူးမှာလည်း ပျော်ရွှင်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

Morin Lu San

မော်ရိန်းလုဆန်

အဓိကတော့ သတင်းဓာတ်ပုံတွေ ရိုက်ဖြစ်နေတယ်။ ပြီးတော့ အခုတလောကပဲ ပြီးသွားတဲ့ မန္တလေးရှိုးပွဲမှာလည်း ရှိုးလျှောက်ဖြစ်ခဲ့တယ်။ နောက်ပြီး ကြော်ငြာတွေ နှစ်ပုဒ်လောက် ရိုက်ဖို့ရှိတယ်။ အဓိကကတော့ ဓာတ်ပုံတွေပဲပိုရိုက်ဖြစ်နေပါတယ်။ မဂ္ဂဇင်းဓာတ်ပုံတွေလည်း ရိုက်ဖို့ရှိပါတယ်။ ပရိသတ်တွေကို ပြောချင်တဲ့စကား ဆိုရင်တော့ မော်ရိန်းက Social Media မှာ အဲ့ဒီလောက်ကြီး နာမည် မကြီးသေးရင်လည်း အနုပညာကို ဒီထက်ပိုပြီး ကြိုးစားလုပ်ဆောင်သွားဖို့ရှိပါတယ်။ ပရိသတ်တွေလည်း ဆက်လက်ပြီးတော့ အားပေးကြပါဦးလို့ပြောချင်ပါတယ်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here