ကချင်ပြည်နယ် လဝကမှ မှတ်ပုံတင်ကတ်၅ထောင်ကျော် အခမဲ့ပြုလုပ်ပေးနေ

2029
ကချင်ပြည်နယ် လဝက

နိုဝင်ဘာ ၁၂
ကချင်ပြည်နယ် အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာမှ မှတ်ပုံတင်ကတ် ၅ ထောင်ကျော်ကို ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှဝန်ကြီးဦးဇော်ဝင်းက ပြောသည်။

အဆိုပါ မှတ်ပုံတင်ကတ်ပေးအပ်ခြင်းသည် ၁၉၉၂ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားများ မိမိရရှိမည့် အခွင့်အရေးကို ရရှိနိုင်ရန်၊သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဖြစ်ကြောင်း သိရသည်။

“နိုင်ငံသား စစ်ဆေးရေးကတ်ပြားနှင့် ပတ်သက်ရင်တချို့ပြည်သူတွေက ရုံးလာဖို့ လမ်းစရိတ် မရှိတာတွေရှိတဲ့အတွက် ဝေးလံခေါင်သီတဲ့နေရာကို အရင်ဦးစားပေးပြီး လုပ်နေပါတယ်”ဟု ဝန်ကြီးဦးဇော်ဝင်းက ပြောသည်။

ယင်း မှတ်ပုံတင်ကတ်များကို အောက်တိုဘာလမှ ဒီဇင်ဘာလုပ်ကုန်အထိ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ လဝကရုံးများတွင် သွားရောက် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here