ကန်ပိုင်တီဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ရောက်ရှိ

1083

မတ် ၅
ဝိုင်းမော်မြို့နယ် ကန်ပိုင်တီဆေးရုံတွင် တရုတ်မှ ပြန်လာသူတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ်ကြပ်မတ်ကြည့်ရှု့စစ်​ဆေးပေးလျက် ရှိနေကြောင်း ဝိုင်းမော်ဆေးရုံအုပ် ထံမှ သိရသည်။

“လောလောဆယ် ကန်ပိုင်တီမှာ စောင့်ကြည့်လူနာတစ်ဦးရှိတယ် သူက ဝိုင်းမော်သား တရုတ်ပြည်မှာ အလုပ်လုပ်ပြီး ပြန်လာတာ” ဟု ဝိုင်းမော်ဆေးရုံအုပ်ကြီး ဒေါက်တာ သိမ်းမြို့က ပြောသည်။

လူနာသည် ချောင်းဆိုးကာ ဖျားနာနေသဖြင့် ကန်ပိုင်တီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထိန်းသိမ်းထားခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အတည်မပြုနိုင်သေးကြောင်း မြစ်ကြီးနား ဆေးရုံအုပ် ဒေါက်တာ ဘုန်းမော်က ပြောသည်။

“တစ်ကယ်လို့များ သူတို့ဆီမှာ လိုအပ်ချက်ရှိလို့ရှိရင် ကျွန်တော်တို့ဆီ လွှဲရင် လွှဲမှာပေါ့ အခုထိတော့ ဝူဟန်ဗိုင်းရပ်စ်ရယ်လို့မဟုတ်ဘူးလေ သူက ချောင်းဆိုးပြီး ဖျားနေတာပဲရှိတယ်”ဟု ဒေါက်တာ ဘုန်းမော်က ပြောသည်။

အဆိုပါ အသက် ၂၈ နှစ်အရွယ် အမျိုးသားလူနာသည် တရုတ်နိုင်ငံ ၊ ထိန်ချုံးပြည်နယ်၌ သွားရောက်အလုပ်လုပ်ကိုင်ပြီး မတ်လ ၁ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ ကန်ပိုင်တီးနယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်မြင့်တက်နေကြောင်း တွေ့ရှိရသဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ရာ မတ်လ ၂ ရက်နေ့မှ စတင်၍ ဖျား​ခြင်း ၊ ချောင်းဆိုးခြင်း ၊ အသက်ရှူကြပ်ခြင်း၊ မောခြင်း
စသော အသက်ရှူလမ်း​ကြောင်းဆိုင်ရာ လက္ခဏာများ ခံစားခဲ့ရကြောင်း တွေ့ရှိရသဖြင့် စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ကာ သီးခြားကုသပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လူနာ၏ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က သိရသည်။

လတ်တလော အခြေအနေအရ လူနာသည် အဆုပ်တွင် ရေဝင်နေခြင်းသာ ဖြစ်ပြီး စိတ်မပူရန် ကြပ်မတ်ပေးနေသည့် ဆရာဝန်များမှ ပြောကြောင်း လူနာ​၏ မိခင်က ပြောဆိုသည်။

Ann/ Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here