ဆယ်ကျော်သက် ကောင်လေးတွေနဲ့ စုဖွဲ့ထားတဲ့ တက်သစ်စအကအဖွဲ့ Awesome Boyz Dance Crew နှင့် တွေ့ဆုံမေးမြန်းခြင်း

4379
Awesome Boyz Dance Crew

ယခုတစ်ပတ်ရဲ့အနုပညာဏ္ဍမှာတော့ မြစ်ကြီးနားမြို့မှာ ဆယ်ကျော်သက် ကောင်လေး ခုနှစ်ယော က် သီးသန့် စုဖွဲ့ထားတဲ့ Awesome Boyz Dance Crew အဖွဲ့နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

အကအဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဖွဲ့ဝင် ၇ ယောက်နဲ့ စတင်ဖွဲ့စည်းထားတဲ့ လူငယ်အကဖွဲ့ဖြစ်ပြီး အသက်အားဖြင့် ၁၈နှစ်၊ ၁၉ နှစ်အရွယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ပါ။ သူတို့ထဲမှာ တက္ကသိုလ်ပထမနှစ် ကျောင်းသားတွေနဲ့ အထက်တန်းကျောင်းသားတစ်ဦး ပါဝင်ကြောင်းသိရပါတယ်။

အဲဒီလူငယ်အဖွဲ့က စတင်ဖွဲ့စည်းပြီး ဆယ်ရက်အကြာမှာ သူတို့ရဲ့ ပွဲဦးထွက် စင်မြင့်ဖျော်ဖြေပွဲ တစ် ခုကို စတင်ဖျော်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ တ်ီထွင်ဆန်းသစ်တဲ့ ကကွက်တွေနဲ့ ကပြခဲ့တာ ကြောင့် ပရိသတ် အားပေးမှုကို ရရှိခဲ့ပါတယ်။

ဆယ်ကျော်သက်လေးတွေဖြစ်ပေမယ့် ကိုယ်ယုံကြည်လမ်းကို တစ်စိုက်မတ်မတ်လျှောက်လှမ်းနေ ကြတဲ့ အကအဖွဲ့နဲ့ တွေ့ဆုံမေးမြန်းထားသမျှကို မြစ်ကြီးနားဂျာနယ်ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

MNJ – ပထမဦးဆုံးအနေနဲ့ အဖွဲ့သားတွေရဲ့ နာမည်လေးတွေကို မိတ်ဆက်ပေးပါဦး။

DDL – ဟုတ် ကျွန်တော့်တို့အဖွဲ့ဝင် ၇ ယောက်ရဲ့ နာမည်တွေကတော့ Elia, Joez, David, Gum Ring Aung, Yaw Shu, Kyaw Min Tun နဲ့ ကျွန်တော် Kareng Dan Doi La တို့ဖြစ်ပါတယ်။

MNJ – အဖွဲ့ နာမည်ကို ပေးဖြစ်ပုံလေးလည်း သိချင်ပါတယ်။

Elia – အဖွဲ့နာမည်ကိုတော့ ကျွန်တော်ပဲ ပေးဖြစ်သွားတာပါ။ ကျွန်တော်ဆယ်တန်းပြီးတုန်းက အခြားအဖွဲ့ မှာ စ ကဖြစ်တယ်။ အဲ့ဒီအဖွဲ့က အဖွဲ့ဝင်တစ်ယောက်က နာမည်ရှာရင်း Awesome Boyz လို့ ပြောသွား ရင်း အခုထိအဲ့ဒီ နာမည်နဲ့ပဲ လုပ်ဖြစ်သွားတာပါ။

MNJ – ပြီးတော့ ဒီ Awesome Boyz ဆိုတဲ့အဖွဲ့ ဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးပမ်းခဲ့ရလဲ။

ABDC – ဘယ်လိုတွေကြိုးပမ်းခဲ့လဲဆိုရင် အစကတော့ ကျွန်တော့်တို့အဖွဲ့ဝင် ၁၂ယောက်နဲ့ စတင်ခဲ့တယ်၊ နောက် ပိုင်းကျတော့ အဖွဲ့ဝင်အကုန် ကွဲကုန်တော့ ကျွုန်တော်တို့ အကပါရမီရှိတဲ့သူတွေစုပြီး ဖွဲ့ရင်ကောင်း မယ်ဆိုပြီး ကျွန်တော်တို့ ၇ ယောက်စုဖြစ်ပြီး အကဖွဲ့လေးကိုဖွဲ့ခဲ့တယ်၊ အရမ်းလည်း ကြိုးစားခဲ့ရပါတယ်။

MNJ – အဖွဲ့ဝင်တွေရောဘယ်လို စုပြီးတော့ ခေါင်းဆောင်ကို ဘယ်လိုရွေးဖြစ်ခဲ့လဲ ဆိုတာ ပြောပြပေးပါဦး။

ABDC – အဒန့်ဘဲပြောလိုက်တော့မယ်နော်၊ဟုတ်ကျွန်တော်တို့ အဖွဲ့ဝင်တွေ ကိုတော့ခေါင်းဆောင် အဲလိယပဲရွေးခဲ့တာပါ။ဘယ်လိုရွေးလည်းဆိုတော့ ကျွန်တော့်တို့၆ယောက်က အကကျင့်ပြီဆိုရင် Facebook ပေါ်တင်လေ့ရှိကြတယ်။ အဲ့ဒါကို ကျွန်တော်တို့ ခေါင်းဆောင်ကမြင်သွားပြီး သဘောကျ သွား လို့ပေါ့နော်။ အွန်လိုင်းကနေ ချိတ်ဆက်ပြီး ကျွန်တော်တို့ ခေါ်ပြီးစုဖြစ်သွားတယ်လို့ ပြောရမှာပေါ့။ ခေါင်း ဆောင်ကိုယ်တိုင် ကျွန်တော့်တို့ကို ရွေးတယ်ဆိုတော့ ကျွန်တော်တို့က သူခေါင်းဆောင်ဆိုတာကို လက်ခံ ပြီးသားပါ။

MNJ – ကဖြစ်ခဲ့တဲ့ ကပွဲအတွေ့အကြုံမှာ အခက်အခဲတွေရောရှိလား။ အဖွဲ့ကိုယ်စား တစ်ယောက် လော က်ဖြေကြားပေးစေချင်ပါတယ်။

Jozeph – ဟုတ်ကဲ့ ကျွန်တော်တို့ ကဖြစ်တဲ့ပွဲတွေကများတယ်လို့ပြောရမှာပေါ့နော်၊ အထူးသဖြင့် ကျွန်တော် တို့အဖွဲ့က တက္ကသိုလ်ကျောင်းသားတွေများတယ်ဆိုတော့ တစ်ယောက်ရဲ့မေဂျာ Welcome  ဆိုရင်လဲ ကဖြစ်လိုက်တာပဲ၊ ပွဲကြီးအနေနဲ့ဆိုရင်တော့ Miss Myanmar Beauty Paradise Myitkyina 2018, Miss JLH  2018 Myitkyina  ပြိုင်ပွဲကြီးတွေမှာ ဖိတ်ခေါ်လို့ ကဖြစ်တာတွေရှိပါတယ်။ အခက်အခဲဆိုရင်တော့ သိပ်မရှိပါဘူး၊ ဘာလို့လဲဆိုတော့ကျွန်တို့က အရမ်းစည်းလုံးကြလို့ပေါ့နော်။

MNJ – မောင်လေးတို့ အက က ဆန်းသစ်တာကိုတွေ့ရတယ်၊ ပြီးတော့မိန်းကလေးအကဆိုလည်း ကနိုင် တယ်ပေါ့နော်။ အဲ့လိုရအောင် ဘယ်လိုတွေလေ့ကျင့်ဖြစ်ခဲ့လဲ။

DDL – အခုလိုမြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဟုတ်ကျွန်တော်တို့က ပထမဦးဆုံးသီချင်းရွေးပြီ ဆိုရင် ၇ယောက်ဆိုထားတဲ့သီချင်းကို အများဆုံးရွေးဖြစ်လေ့ရှိတယ်၊ ကျွန်တော်တို့လည်း ၇ယောက်လေ အဲ့ဒီတော့ကိုယ့်အပိုင်းနဲ့ကိုယ် ခွဲပြီးလေ့ကျင့်ဖြစ်တယ်။ ပြီးမှအားလုံးစုံတဲ့အခါ ကိုယ့်အပိုင်းရောက်ပြီဆိုရင် ကိုယ်ကဦးဆောင်ပြီးတိုက်ပေးတယ်၊ သူ့အပိုင်းဆိုရင်လည်း အဲ့လိုလေ့ကျင့်ဖြစ်ပါတယ်။ ကျွန်တော်တို့က သီချင်းတွေ ဆက်ပြီး က လေ့ရှိတယ်ဆိုတော့ မိန်းကလေးသီချင်းလည်းပါတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ မိန်းကလေးပရိသတ်တွေရော လိုက်ဆိုနိုင်အောင်ရည်ရွယ်ပြီးကျွန်တော်တို့အကောင်းဆုံးကြိုစားလေ့ကျင့် ခဲ့ပါတယ်။ ကျွန်တော်တို့ကြိုးစားအားထုတ်မှုရလဒ် တစ်ခုရလိုက်တဲ့ အတွက်ဝမ်းသာရပါတယ်။

MNJ – အကအမျိုးအစားအနေနဲ့ရောဘယ်လောက်လောက် က ဖြစ်လဲပေါ့နော်။

DDL – ကျွန်တော်တို့ ခေါင်းဆောင်အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲ့ဒါကတော့ နင်ဒီတစ်ခုပဲ တတ်တယ်ဆိုပြီး နှစ်သိမ့်နေလို့မရဘူး၊ အားလုံးတတ်ထားရမယ်၊ အဲ့ဒီအက မကတတ်ဘူး၊ မကချင်ဘူး၊ အဲ့လိုမဖြစ်အောင်အမြဲအားပေးပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့ အကအမျိုးအစားစုံအောင်တော့ ကဖြစ် ပါတယ်။ က ဖြစ်တဲ့အကအမျိုးအစားဆိုရင်တော့ BBoying dance,Sweet dance(girl dance),K-Pop dance, Robot dance စုံအောင်တော့ကဖြစ်ပါတယ်။

MNJ -အခုမောင်လေးတို့က ဘယ်အတိုင်းအတာထိ မှန်းထားတာလဲ။ ပြီးတော့ကျောင်းက တစ်ဖက်နဲ့ဆို တော့ ရှေ့ဆက်ဘယ်လိုလုပ်သွားဖို့ အစီအစဉ်ရှိလဲဆိုတာသိချင်ပါတယ်။

Elia – ကျွန်တော်တို့အဖွဲ့က International အထိတော့ မှန်းထားပါတယ်၊ ကျွန်တော်တို့အဖွဲ့က အခုမှ ကြိုးစားနေဆဲပေါ့နော်။ ပြီးတော့ကျောင်းကတဖက်နဲ့ဆိုတော့ အတတ်နိုင်ဆုံးတော့ Balance ဖြစ်အောင် တော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားနေပါတယ်။

MNJ – လေးစားရတဲ့ပြည်တွင်းပြည်ပက အကအဖွဲ့တွေရောရှိလား။

ABDC – ဟုတ်ရှိပါတယ်။ ကျွန်တော်တို့အားလုံးနီးပါးလေးစားရတဲ့အက အဖွဲ့ဆိုရင် ၊ ဒေးဗစ်ကတော့ Forever Friend Dance Crew, ဂျိုးဇက်ကတော့ Big Bang ပါ။

MNJ – မောင်လေးတို့ထဲမှာ အသက်ကြီးဆုံးနဲ့အငယ်ဆုံးကဘယ်သူလဲ၊ ပြီးတော့အဖွဲ့ဝင်တစ်ယောက်ချင်းရဲ့ မတူညီတဲ့အချက်ဆိုရင်ရော။

ABDC – အဖွဲ့ထဲမှာအသက်အကြီးဆုံးကတော့ Min ပါ၊ ပြီးတော့အငယ်ဆုံးကတော့ဂျိုးဇက်ပါ၊ ကျွန်တော်တို့ အားလုံးက လပိုင်းဘဲကွာကြပါတယ်။ မတူညီတဲ့အချက်ဆိုရင်တော့ အားလုံးထဲမှာ အဲလိယက အကပို တော်တယ်၊ Min ဆိုရင်လည်း သရုပ်ဆောင်တော်တယ်၊ ယောရှုက အဆိုတော်တယ်၊ ဂွန်ရိန်အောင်က ကိုး ရီးယားစကားကျွမ်းကျင်တယ်၊ ဒေးဗစ်က စကားပြောစွမ်းရည်အရမ်းကောင်းတယ်၊ ဂျိုးဇက် ကတော့စကား နည်းတယ်။ ပြီးတော့ ကျွန်တော် Dan ကတော့စိတ်အားအရမ်းငယ်တတ်တယ်။ ကျွမ်းကျင်တဲ့အပိုင်းဆိုရင်တော့ Presenter နဲ့သရုပ်ဆောင်ပိုင်းပါ။

MNJ – ပြီးတော့အဖွဲ့နဲ့ပတ်သက်ပြီး ပရိသတ်တွေမသိသေးတဲ့ထူးခြားတဲ့အချက်ဆိုရင်ရောဘာဖြစ်မလဲ။

ABDC – ကျွန်တော်တို့အဖွဲ့ရဲ့ထူးခြားတဲ့အချက်ဆိုရင်တော့ အကမကမီ အမြဲတမ်းဆုတောင်းဖြစ်တယ်။ အဖွဲ့ထဲမှာ Min က ဗုဒ္ဓဘာသာဆိုပေမယ့် ဘာသာရေးလည်း မခွဲခြားဘူး။ အဲ့ဒါကတော့ ချစ်စရာကောင်းတဲ့အချက်လို့လည်း ပြောလို့ရပါတယ်။

MNJ – မောင်လေးတို့အဖွဲ့အနေနဲ့ အကအဖွဲ့ ဖွဲ့ဖို့ကြိုးစားနေတဲ့ တခြားညီငယ်၊ ညီမငယ်တွေကို ဘာများပြောချင်လဲ။

Dan ။ ။ ဟုတ်အဓိကပြောချင်တာကတော့အဖွဲ့နဲ့အလုပ်လုပ်တယ်ဆိုတော့သည်းခံရမယ် ၊စည်းလုံးရမယ်၊ ဇွဲမလျှော့ဘဲနဲ့ကြိုးစားကြဖို့တိုက်တွန်းချင်ပါတယ်။

MNJ – နောက်ဆုံးအနေနဲ့ပရိသတ်တွေကို စကားလက်ဆောင်ပြောပေးပါအုံး။

ABDC – ဟုတ်အခုလိုမပြည့်စုံသေးပေမဲ့ အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူုးအများကြီးတင်မိပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၀၁၉ မှာ Glaxy Star ပြိုင်ပွဲဝင်ဖို့ အစီအစဉ်တွေရောရှိပါတယ်။ အဲ့အခါကျရင်လဲအားပေးကြပါဦး။ ကျွန်တော်တို့လည်ူ ပရိသတ်တွေစိတ်မပျက်အောင် အကောင်းဆုံးကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

MNJ – အခုလိုဖြေကြားပေးတဲ့ မောင်လေးတို့အကအဖွဲ့ကို ကျေးဇူးအများကြီးတင်ပါတယ်။

ABDC – ဟုတ်ကျွန်တော်တို့ အဖွဲ့ကို အခုလိုအချိန်ပေးပြီး လာရောက်မေးမြန်းပေး တဲ့မြစ်ကြီးနားသတင်း ဂျာနယ်ကိုလည်း အများကြီး ကျေးဇူးတင်မိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here