တနိုင်းမြို့နယ်တွင် လူချိန်းရန်လာသည့် စစ်ကောင်စီ တပ်သားများကို KIA မိုင်းဆွဲတိုက်ခိုက်

722
ရှင်လုံဂါးကျေးရွာ-တနိုင်း

မတ်၊၂၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပိန္နက်နှင့် ရှင်လုံကျေးရွာကြားတွင် လူလဲလှယ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်(၈)နာရီအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တရုံကျေးရွာဘက်မှ ခြေလျင်ဖြင့် တပ်ချိန်းရန် လာသည့် စစ်ကောင်စီတပ်သားများကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပိန္နက်နဲ့ ရှင်လုံ ရွာကြားမှာ ဖြစ်တာ။ တရုံကနေ စစ်ကြောင်းအလဲအလှယ် လုပ်တဲ့ တပ်ချိန်းတွေနဲ့ ဖြစ်တာ။ ခြေလျင်နဲ့ ဟုတ်တယ်။ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပြန်ပစ်ကြတာ။ သူတို့က တနိုင်းဘက် ပြန်တက်သွားပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါစစ်ကောင်စီ ခြေလျင်စစ်ကြောင်းတွင် အင်အား(၅၀)ဝန်းကျင် ပါဝင်ကြောင်းလည်း သိရသည်။

တနိုင်းသွားလမ်းရှိ စစ်ကောင်စီတပ်စခန်းကို လုံခြုံရေးယူ‌နေသည့် စစ်ကောင်စီတပ်သားများကို လည်း မတ်လ(၂၅)ရက်နေ့မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းဆွဲတိုက်ခိုက်မှုလည်း ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here