တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၄

1419

 

တုတ်ထိုး- ပုဂ္ဂလောပုရိသာဇညော၊နသောသဗ္ဗတ္ထဇယတိ၊

ယတ္တသောဇယတေပေါသော၊တံကုလံသုခမေဓတိ။

ယောကျားအာဇာနည်ဟူသည်နေရာဒေသတိုင်း၌အခါ

ခပ်သိမ်းမပေါ်ပေါက်။အကြင်အရပ်၊အကြင်နိုင်ငံ၌

မတစ်ထောင်တစ်ကောင်ဖွားအာဇာနည်ပေါ်ပေါက်ခဲ့သော်

ထိုဒေသ၊ထိုနိုင်ငံမျိုးတို့မှာအဖိုးတန်အကျိုးအနန္တခံစား

ရလေသည်။

အိုးပေါက်- သာဓု၊သာဓု၊သာဓု။မှတ်သားထိုက်ပါပေတယ်။

ဗဟုသုတပြည့်ဝလှပါပေတယ်။

 

တုတ်ထိုး- သိပ်အထင်ကြီးမနေနဲ့၊အာဇာနည်နေ့ရောက်

ခဲ့ပြီဆိုတော့စကားဝိုင်းထဲထည့်ပြောဖို့အလွတ်ကျက်လာခဲ့

တာ။ဟဲဟဲဟဲ။

အိုးပေါက်- ထင်တော့ထင်သားပဲ။အလွတ်ကျက်ခဲ့တဲ့

လေသံပါလို့။

 

တုတ်ထိုး- အာဇာနည်ဆိုတာလွယ်လွယ်နဲ့ဖြစ်မလာဘူးဗျ။

အိုးပေါက်- သေရဲ၊သတ်ရဲ၊တိုက်ရဲတိုင်းအာဇာနည်မဖြစ်

ပါဘူး။လက်ထဲမှာလက်နက်ရှိတိုင်းလည်းအာဇာနည်မဖြစ်

ပါဘူး။သေနတ်ဒဏ်ရာရှိတိုင်းလည်း  အာဇာနည်မဖြစ်ကြ

ပါဘူး။

 

တုတ်ထိုး- ဟဲ့ဟဲ့သေနတ်တွေ၊ဒဏ်ရာတွေကဘာလို့

ပါလာရတာတုံး။

အိုးပေါက်- တချို့တွေကတိုက်ပွဲမှာရတဲ့ဒဏ်ရာတွေကို

ပြပြပြီးအာဇာနည်ယောကကျားလိုလိုဘာလိုလိုြွကားလုံး

ထုတ်တတ်ကြလို့ပါဗျ။

တုတ်ထိုး- တိုင်းရင်းသားအချင်းချင်းသတ်ကြဖြတ်ကြ

အပွင့်တွေရကြ၊ရာထူးတွေတိုးကြ။ဒါမျိုးကိုတော့ဘယ်သူ့

ကိုဖြစ်ဖြစ်အာဇာနည်အဖြစ်မဆိုထိုက်၊မခေါ်ထိုက်ပါဘူး

ဗျာ။

အိုးပေါက်- ဒီကောင်တွေကိုအာခေါင်ကျယ်လို့သာခေါ်

လိုက်ပါတော့။

 

တုတ်ထိုး- အာဇာနည်ဆိုတာအကြောင်းဟုတ်မဟုတ်ကို

ကောင်းစွာသိသူ။သာမန်ထက်၊နှလုံးရည်ထူးကဲသာလွန်၍

အများအကျိုးအတွက်သက်စွန့်ကြိုးပမ်းဆောင်ရွက်သူလို့

မြန်မာဝေါဟာရအဘိဓာန်မှာဖွင့်ဆိုထားတယ်ဗျ။

အိုးပေါက်- အင်း၊လင်းစမ်းပါဦးဗျာ။

 

တုတ်ထိုး- ပါဠိလိုတော့အာဇာနေယျပေါ့။အာဇာနေယျ

ကနေဆင်းသက်လာပြီးအာဇာနည်လို့ဖြစ်လာတာပါ။

အာဇာနည်(၆) မျိုးရှိသတဲ့။ခြင်္သေ့အာဇာနည်၊ဆင်အာဇာ

နည်၊မြင်းအာဇာနည်၊နွားလားအာဇာနည်၊ယေကျာ်း

အာဇာနည်၊ရဟန္တာပုဂ္ဂိုလ်အာဇာနည်။အဲ့ဒီ(၆) မျိုးတဲ့ဗျ။

အိုးပေါက်- ဗိုလ်ချုပ်အောင်ဆန်းကတော့ပြောဖူးတယ်။

လူတွေဟာသွေးပူတုန်းသာသေရဲတာ၊သွေးအေးတဲ့အခါ

မသေရဲဘူး။ကျွန်တော်ကတော့သွေးပူနေတဲ့အခါလည်း

သေရဲတယ်။သွေးအေးနေတဲ့အခါလည်းသေရဲတယ်။

သွေးအေးနေတဲ့အခါသေရဲအောင်အတော်ကျင့်ခဲ့ရတယ်။

နိုင်ငံရေးနယ်ထဲမဝင်ခင်နှစ်နှစ်လုံးလုံးကျင့်ပြီးမှဒီနိုင်ငံရေး

နယ်ပယ်ထဲဝင်ခဲ့တာပဲတဲ့။

 

တုတ်ထိုး- သမိုင်းတွေထဲကျုပ်လည်းဖတ်ခဲ့ဖူးပါတယ်။အဲ့ဒီ

စကားတွေက၁၉၄၆လောက်ကလွပ်လပ်ရေးအတွက်

နယ်လှည့်ခရီးဆန့်ရင်းဗိုလ်ချုပ်အောင်ဆန်းကသတင်းစာ

ဆရာဦးပုကလေးကိုပြောခဲ့တဲ့စကားတွေပါပဲ။

အိုးပေါက်- စံပြုထိုက်တဲ့ခေါင်းဆောင်စံပြုထိုက်တဲ့အာဇာ

နည်စိတ်ဓာတ်ပါပဲဗျာ။

 

တုတ်ထိုး- ခေါင်းဆောင်ဆိုလို့ဗျ။ခေါင်းဆောင်ကောင်းရင်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီးခေါင်းဆောင်မှုညံ့ဖျင်း

ရင်တိုင်းပြည်အတွက်ဆုံးရှုံးနစ်နာနိုင်ကြောင်းတပ်မတော်

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က

စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာပြုလုပ်တဲ့အခမ်း

အနားတစ်ခုမှာပြောသွားခဲ့တယ်ဗျ။

အိုးပေါက်- ဒါပဲလားဗျ။

 

တုတ်ထိုး- သူပြောတဲ့အထဲမှာဘာတွေပါသေးလဲဆိုတော့

စစ်ဘက်ခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍဟာအရေးကြီး

လို့စစ်ကျောင်းကြီးများအသီးသီးကလက်ရုံးရည်၊နှလုံးရည်နဲ့

ပြည့်ဝတဲ့ပညာရပ်ဆိုင်ရာတွေမှာကျွမ်းကျင်တဲ့ခေါင်း

ဆောင်တွေမွေးထုတ်ပေးဖို့လိုတယ်တဲ့။

အိုးပေါက်- အင်း။အဟမ်း၊အဟမ်း။

 

တုတ်ထိုး- ခေါင်းဆောင်မှုဆိုတာအသက်အရွယ်နဲ့

မဆိုင်ဘဲစဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့တွေးခေါ်မြော်မြင်မှုကို

အခြေခံပါတယ်တဲ့။ခေါင်းဆောင်ကောင်းရင်တိုးတက်မယ်။

ခေါင်းဆောင်ညံ့ရင်ဆုံးရှုံးမယ်။နိုင်ငံ့ခေါင်းဆောင်မှုအပိုင်း

မှာလည်းခေါင်းဆောင်ကောင်းရင်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်

မယ်တဲ့။

အိုးပေါက်- အဟမ်း။အဟမ်း။

 

တုတ်ထိုး- ဘာဖြစ်တာတုန်း။

အိုးပေါက်- ချောင်းဆိုးတာပါဗျ။စကားပြောမို့ခံတွင်းရှင်း

နေတာပါဗျ။

 

တုတ်ထိုး- ပြောဗျာ။

အိုးပေါက်- ခေါင်းဆောင်တွေကောင်းသလား၊မကောင်း

ဘူးလား။ခေါင်းဆောင်တွေညံ့သလား၊မညံ့ဘူးလားတော့

မသိဘူး။ကျုပ်တို့တိုင်းပြည်ကြီးမှာအုပ်ချုပ်သွားတဲ့ခေါင်း

ဆောင်တွေတော့ကြီးပွားသွားကြပါတယ်။ဖွံ့ဖြိုးတိုးတက်

သွားကြပါတယ်ဗျ။ပြည်သူတွေမှာတော့အရင်ကကိုယ်က

ပေးခဲ့ကမ်းခဲ့ကြဖူးတဲ့အီသီယိုးပီးယားလိုနိုင်ငံလေးကို

တောင်ငေးကြည့်နေရတာပါပဲ။

 

တုတ်ထိုး- ကာတွန်းဖောင်းဖောင်းရဲ့ကာတွန်းအတွေးလေး

တစ်ခုသတိရမိတယ်။

အိုးပေါက်- ဘာတဲ့။

 

တုတ်ထိုး- ကာတွန်းမှာလူတစ်ယောက်မျက်မှန်နဲ့ခေါင်း

ပေါင်းနဲ့။အစိမ်းရောင်အင်္ကျီကြီးဝတ်ထားတယ်။ပြီးတော့

ရွှေထုပ်တွေငွေထုပ်တွေကြားထဲကနေသူကပြောနေတယ်။

အိုးပေါက်- ပြည်သူတွေအတွက်ဒီရွှေတွေငွေတွေလှူပါ

မယ်တဲ့လား။

 

တုတ်ထိုး- အဲ့ဒီလိုမပြောဘူး။သူပြောတာက..။

အိုးပေါက်- …။

 

တုတ်ထိုး- ကျုပ်တို့ကောင်းမယ်ထင်လို့လုပ်ခဲ့ရာကနေ

တိုင်းပြည်ကြီးဆင်းရဲသွားတာပါတဲ့။

အိုးပေါက်- သူတို့ကောင်းဖို့လုပ်သွားတာကိုး။သူတို့တော့

ကောင်းစားသွားကြတယ်။ပြည်သူကဆင်းရဲသွားကြတယ်။

 

တုတ်ထိုး- ဒီလိုလူစားတွေကတော့တစ်သက်လုံးအာဇာ

နည်ဖြစ်မှာမဟုတ်ဘူး။

အိုးပေါက်- ကျုပ်ကြားဖူးတာတစ်ခုရှိတယ်။ရဲသား

တစ်ယောက်ရေနစ်သတဲ့။ကယ်ပါကယ်ပါလို့အော်တာ

ပေါ့။အဲ့ဒီအချိန်လူတစ်ယောက်ကလာပြီးကယ်တယ်။

လှေပေါ်ကနေလှမ်းပြောတယ်။လက်ပေးလက်ပေးတဲ့။

အဲ့ဒီရဲကလက်မပေးဘူးတဲ့။သေချင်သေလက်မပေးဘူး

ဆိုပြီးနေသတဲ့။ဒီတော့ကယ်ဆယ်ရေးသမားကလည်း

ပြန်ပြောတယ်။ကျုပ်လက်ကိုယူပါ၊ကျုပ်လက်ကိုယူပါတဲ့။

ဒီတော့မှရဲကသူ့လက်ကိုလှမ်းပြီးဆွဲယူလိုက်သတဲ့။

 

တုတ်ထိုး- ပြန်ပြောစမ်း၊ပြန်ပြောစမ်း။ကြည်ညိုစမ်း။

ကြည်ညိုစမ်း။

အိုးပေါက်- ကျုပ်ကချီကာဂိုနိုင်ငံမှာဖြစ်ခဲ့ဖူးတဲ့အကြောင်း

အရာတစ်ခုကိုပြောပြတာပါဗျာ။မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို

တော့ကြည်ညိုပါတယ်ခင်ဗျ။ Ha Ha လေးသောင်းကျော်

ကိုလည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပေးတဲ့အထဲ  အိုးပေါက်တို့

မပါပါဘူးခင်ဗျ။ကူညီပါရစေလို့ပြောတဲ့ပြည်သူ့ရဲဘော်

ကောင်းတွေကိုတော့ကြည်ညိုပါတယ်ခင်ဗျ။

 

တုတ်ထိုး- ပြည်သူ့ရဲဘော်ကောင်းတွေကိုတော့ကြည်ညို

ပါတယ်ဆိုတော့မကောင်းတဲ့ရဲလည်းရှိတယ်လို့ပြောတာ

လား။

အိုးပေါက်- ရဲလည်းပုထုဇဉ်ပါပဲ။

 

တုတ်ထိုး- ဠငခအသမငေအမှုမှာတော့ကိုလှရွှေတို့တော်တော်

အဝေဖန်ခံနေရပါတယ်။ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက်

ကြိုးပမ်းနေတဲ့သက္ကမိုးညိုဆိုသူကိုလည်းဖမ်းဆီးထားတယ်။

အာမခံတော့ပေးထားလိုက်တယ်။ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ

ညှိုးနွမ်းစေတယ်ဆိုပြီးတော့အမှုဖွင့်ထားတယ်။

အိုးပေါက်- ကျုပ်တို့တော့ဘာဂုဏ်သိက္ခာမှမရှိတော့ဂုဏ်

သိက္ခာကျစရာဘာမှမရှိဘူး။ဟဲဟဲဟဲ။

တုတ်ထိုး- ခင်ဗျားကဂုဏ်သိက္ခာလို့ထည့်ပြောရအောင်

ခင်ဗျားမှာကဂုဏ်သိက္ခာမှမရှိဘဲ။သိက္ခာရှိမှသိက္ခာကျ

တာပါ။သိက္ခာမရှိဘဲသိက္ခာကျစရာမှမရှိတာ။ဟဲဟဲဟဲ။

 

တုတ်ထိုး- ရွဲ့ပြောနေသလိုပဲနော်။

အိုးပေါက်- ဒါနဲ့ဆရာမမေသင်္ကြန်ဟိန်း(မြစ်မခ) ရဲ့

၂၀ဝ၈ဖွဲ့စည်းပုံအခြခံဥပဒေကိုဘာကြောင့်ပြင်သင့်

တာလဲဆိုတဲ့စာအုပ်လေးဖတ်ကြည့်ပြီးပြီလား။ကျုပ်တို့

နဲ့သဘောထားတိုက်ဆိုင်တာတွေပါတယ်။

 

တုတ်ထိုး- ဘာတွေထည့်ရေးထားတာတုန်း။ဘာတွေ

ပြင်ရမှာတဲ့တုန်း။

အိုးပေါက်- အခန်း(၁) ပုဒ်မ(၈)မှာနိုင်ငံတော်ကိုပြန်

ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်လို့ဖော်ပြ

ထားပါတယ်တဲ့။အမှန်တကယ်တော့ဖက်ဒရယ်ပြည်

ထောင်စုစနစ်လို့ပြင်ဆင်သင့်တာပါတဲ့။

တုတ်ထိုး- ဒါပေါ့ဗျာ။တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်း

တည်ဆောက်ထားတဲ့မြန်မာနိုင်ငံတော်အနေနဲ့

ဖက်ဒရယ်ပြည်ထောင်စုဖြစ်သင့်တာပေါ့။ဒါမှသာ

တိုင်းရင်းသားတွေအနေနဲ့တန်းတူညီမျှမှုအခွင့်အရေး

အတွက်အာမခံပြီးသားဖြစ်မှာပေါ့။

အိုးပေါက်- စကားလုံးတွေကလည်းသိပ်အရေးကြီး

တယ်နော်။

 

တုတ်ထိုး- အခန်း(၁) ပုဒ်မ၁၄မှာပြည်ထောင်စုလွှတ်

တော်၊တိုင်းဒေသကြီးလွှတ်တော်နှင့်ပြည်နယ်လွှတ်

တော်များတွင်ကိုယ်စားလှယ်များအဖြစ်ဖွဲ့စည်းတည်

ဆောက်ပုံအခြေခံဥပဒေအရသတ်မှတ်သည့်ဦးရေ

အတိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမည်

စာရင်းတင်သွင်းသည့်တပ်မတော်သားများပါဝင်သည်

လို့ရေးထားတယ်။

အိုးပေါက်- ဒီမိုကရေစီစနစ်မှာတော့ဒါကမဖြစ်သင့်

ဘူးဗျ။ပြည်သူလူထုကရွေးကောက်ပွဲမှာမဲပေးပြီး

တင်မြှောက်လိုက်တဲ့ကိုယ်စားလှယ်တွေကသာလွှတ်

တော်တက်ပြီးဆွေးနွေးရတာပါဗျ။ခုတော့တပ်မတော်

ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်ပေးတဲ့ကိုယ်စားလှယ်

တွေကိုတည့်သွင်းတယ်ဆိုတော့ကျော်လို့မကောင်း၊

ကြားလို့မကောင်းဗျာ။ပြည်သူလူထုရွေးချယ်ခွင့်တွေ

ဘယ်ရောက်သွားလဲ။ဘယ်မှာလဲဒီမိုကရေစီ။ဒါဟာ

ပြည်သူလူထုကိုယ်စားဆောင်ရွက်မယ့်သူတွေကိုလျော့

ပါးသွားစေတာပဲ။ပြင်ဗျာ။၂၀ဝ၈ဖွဲ့စည်းပုံကိုပြင်ဗျာ။

ဖြစ်နိုင်ရင်အဖုံးကစပြီးပြင်လိုက်ပါတော့ဗျာ။

 

တုတ်ထိုး- နိုင်ငံရေးမှာပြည်သူတွေပါဝင်ခွင့်အခွင့်

အရေးကိုထိပါးရာရောက်ပါတယ်ဗျ။ဒီမိုကရေစီအခွင့်

အရေးကိုထိခိုက်ပါတယ်ဗျ။

အိုးပေါက်- ကဲဗျာ၊စကားလည်းပြောကောင်းပါရဲ့၊

အချိန်လည်းလင့်နေပြီမို့ဒီနေ့တော့ဒီမှာပဲနားလိုက်

ကြပါစို့ရဲ့။

 

တုတ်ထိုး- ၂၀ဝ၈ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်စကား

ပြောလို့ကောင်းနေတုန်းဟာကို။တန်းလန်းကြီးဗျာ။

အိုးပေါက်- ဒီမယ်မသေမချင်းမှတ်ထား။ကျုပ်တို့

မြန်မာနိုင်ငံတော်ကြီးမှာ၂၀ဝ၈ဖွဲ့စည်းပုံပြင်ဆင်ရေးတို့၊

ငြိမ်းချမ်းရေးတို့ဆိုတဲ့စကားလုံးတွေဟာနောင်ဘုရား

ပွင့်တဲ့အထိပြောလို့ရနေဦးမှာပဲဗျ။စိတ်ချစိတ်ချ။

တစ်သက်လုံးဒီစကားတွေအမုန်းခံ၊အဖမ်းခံပြောလို့

ရနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here