တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ် အောင်လအန်ဆန်ကို ခန့်အပ်

တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ် အောင်လအန်ဆန်ကို ခန့်အပ်

2388
Aung-la-nsang
Photo-Salai

MMA ကစားသမားဖြစ်သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်ကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့(WWF) က မြန်မာနိုင်ငံရှိ မျိုးသုဉ်းမည့် အန္တရာယ် ကြုံနေရသည့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေး သံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်းသိရသည်။

“ကျွန်တော့်အနေနဲ့ အခုလို WWF-Myanmar ရဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှု တိုက်ဖျက်ရေးသံတမန် ဖြစ်ခွင့်ရတဲ့အပေါ် အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ် ဘာကြောင့်လည်းဆိုတော့ ဒါဟာကျွန်တော့်ရဲ့ ရင်ထဲ နှလုံးသားထဲကလာတဲ့ တိုက်ခိုက်ရေးပွဲတစ်ခုလို့ ခံစားရပါတယ် ဒါဟာကျွန်တော်တို့ နိုင်ငံထဲမှာ တောရိုင်းတိရစ္ဆာန်နဲ့ဆိုင်တဲ့ ရာဇဝတ်မှုကို တားဆီးကာကွယ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ တိုက်ပွဲတစ်ခုပါပဲ”ဟု အောင်လအန်ဆန်က ပြောသည်။

ဆင်၊ ကျား ၊ သင်းခွေချပ်၊ ဝက်ဝံ၊လိပ်၊ မြန်မာ့စပါးအုံးမြွေ စသည့် တောရိုင်းတိရစ္ဆာန်များမှာ တော၊ တောင်၊ ပင်လယ်များတွင်သာ ရှိနေသင့်ပြီး ဈေးကွက်တွင် ရှိမနေသင့်ကြောင်းလည်း အောင်လအန်ဆန်က ပြောသည်။

“သူတို့တွေဟာ ဈေးကွက်ထဲမှာ ရှိမနေသင့်ပါဘူး ဒီတော့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းရောင်းဝယ်မှုကို လုံးဝပိတ်ပင်တားမြစ်ပေးလိုက်တဲ့ ရန်ကုန်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါဟာ တောရိုင်းတိရစ္ဆာန်လေးတွေအတွက် တကယ့်ကို သတင်းကောင်းတစ်ခုပါပဲ”ဟု အောင်လအန်ဆန်က ပြောသည်။

ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အခြေအနေတွင်ရှိနေသည့် တောဆင်ရိုင်းများကို ကချင်ဒေသတွင် တွေ့နိုင်ပြီး ဆင်များဟာ သစ်တောများ၏အရည်အသွေးကို ထိန်းသိမ်းမှုတွင် အရေးပါသည့် သတ္တဝါဖြစ်သည့်အတွက် ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်ကြောင်းလည်း ၎င်း၏ၤ facebook စာမျက်နာတွင် ရေးသားထားသည်။

၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် WWF အနေဖြင့် ဆင်များကို အမဲလိုက်ခြင်းအား ဆန့်ကျင်သည့် လုပ်ဆောင်မှုများအတွက် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၂၆၀၀၀၀ ကျော် ပံ့ပိုးပေးခဲ့ပြီး ဆင်မုဆိုး ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

မြန်မာအစိုးရမှလည်း မှောင်ခိုဈေးကွက်အတွင်းမှ မေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း တန်ဖိုးရှိ ဆင်စွယ်များ၊ ဆင်သားရေချပ်များနှင့် အခြားတောရိုင်းတိရစ္ဆာန်များ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို သိမ်းဆည်းကာ ဖျက်ဆီးခဲ့သည်။

မိမိတို့ ပတ်ဝန်းကျင်တွင် မကြာခဏ မြင်တွေ့ဖူးခဲ့ကြသည့် ဆင်များ၊ ကျားများ အစရှိသည့် တောရိုင်းတိရစ္ဆာန်မှာ မျိုးသုန်းမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့်အတွက် ဆင်စွယ်နှင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆင်သားရေများကို ဝယ်ယူခြင်းမပြုကြရန်လည်း WWF Myanmar က တိုက်တွန်းထားသည်။

“ဆင်စွယ်နဲ့ ဆင်သားရေတွေကို တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်မှာ ဝယ်လိုအား များနေတာကြောင့် မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်တွေ ပိုမိုဖမ်းဆီး သတ်ဖြတ် ခံနေကြရပါတယ်။ သင့်အနေနဲ့ ဒီအကြီးဆုံး ကုန်းနေသတ္တဝါတွေကို တကယ် တန်ဖိုးထားတယ်ဆိုရင် ဆင်စွယ်နဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဆင်သားရေ တွေကို မဝယ်ဖို့ တိုက်တွန်းပါရစေ”ဟု တတ် ာပညောမေ ်ခေနဘသသု စာမျက်နာတွင် ရေးသားဖော်ပြထားသည်။

အာရှဆင်အရေအတွက်မှာ အကောင်ရေ ၅၀၀၀၀ အောက်သာ ကျန်ရှိတော့ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ၂၀၀၀ အောက်သာ ရှိတော့ကြောင်း WWF ၏ မှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် ခန္ဓာကိုယ်မှ ရသည့် ပစ္စည်းများကို ကူးသန်း ရောင်းဝယ်ခြင်း သည် တရားမဝင်ဘဲ၊ ပစ္စည်းများကို ရောင်းဝယ်လျှင် ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ကျခံနိုင်ကြောင်း WWF Myanmar မှ သိရသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here