ဝိုင်းမော်၊ နိုဝင်ဘာ ၁၅
ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် “စောသန္တာဝင်း” စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုမ္ပဏီ လုပ်ကွက်တွင် စိုက်ပျိုးရေးအလုပ်သမား တရုတ်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးကို
မြစ်ကြီးနားခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
သုံးရက်စာလုပ်အားခ အကြွေးမပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး မေလ ၂၅ ရက်ကအချင်းများကာ တရုတ်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသော အမျိုးသားနှစ်ဦးသည် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဇွန်လ ၃၀ ရက်က တနိုင်းမြို့တွင် လိုက်လံဖမ်းဆီးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကချင်ပြည်နယ်အတွင်း ယာယီနေထိုင်ခွင့်ဖြင့် နေထိုင်သူ တရုတ်အမျိုးသားနှစ်ဦးသည် တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်မှ လာရောက်သူများဖြစ်ကြသည်။
ထိုအမျိုးသား နှစ်ဦးကို သတ်မှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို ဝိုင်းမော်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၂/၁၁၄ ဖြင့် အရေးယူခဲ့သော အမှုဖြစ်သည်။
ရာဇသတ်ကြီး ဥပေဒပုဒ်မ- ၃၀၂ အရ မည်သူမဆို လူသတ်မှုကိုကျူးလွန်လျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ကျခံနိုင်သည်ဟုဖော်ပြထားသည်။
Ah Je







