ဒုတိယအကြိမ် Mister & Miss Tourism and Culture Universe Bamaw 2019 ပြိုင်ပွဲတွင် မောင်အောင်မျိုးနှင့် နှင်းသက်သက်ဝေတို့ ဆုရ

1426
Mister Tourism and Culture Universe Bamaw 2019
မောင် အောင်မျိုး

မြစ်ကြီးနား၊ မေ ၁၅

မြစ်ကြီးနားမြို့ အောင်နန်းကက်သလစ်ဘုရားကျောင်း၊ ခန်းမဆောင်တွင် မေလ ၁၅ ရက်နေ့ညက ကျင်းပခဲ့သော ဒုတိယအကြိမ် Mister & Miss Tourism and Culture Universe Bamaw 2019 ပြိုင်ပွဲတွင် မောင်အောင်မျိုးနှင့် မနှင်းသက်သက်ဝေတို့က Winner ဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။

 Miss Tourism and Culture Universe Bamaw 2019
မနှင်းသက်သက်ဝေ

ထိုပြိုင်ပွဲတွင် Mister  ၁၄ ဦးနှင့် Miss ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် Winner ဆုရှင်များအနေ ဖြင့် နိုင်ငံအဆင့်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်၍ လိုအပ်သမျှကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း City Director ကိုပြည့်စုံအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဆက်ပြိုင်ကြတဲ့အခါမှာလည်း သူတို့တွေ ဘာမှလိုလေသေးမရှိအောင် ပံ့ပိုးကူညီသွားမှာပါ။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့အတွက်လည်း ကျွမ်းကျင်တဲ့ ဆရာဆရာမတွေဆီ သေသေချာချာကို တာဝန်ယူပြီး လိုက်အပ် ပေးသွားမှာပါ။”ဟု ပြည့်စုံအောင်က ပြောသည်။

Winner ဆုရှင် မောင်အောင်မျိုးက ယခုဆုရရှိသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်းနှင့် ပြည်နယ် ဂုဏ်ဆောင်နိုင်သည့် Mister ကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းပြော သည်။

“မထင်မှတ်ပဲ ဆုရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ရင်လည်းခုန်နေပါတယ်။ ရှေ့ဆက်ပြီး ဒီထက်ကောင်းအောင် ကြိုးစားသွားပါ့မယ်       “ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ဆုရရှိသော အလှမယ်နှင်းသက်သက်ဝေကလည်း ရှေ့ဆက်ပြီးအနုပညာအလုပ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီပွဲမှာ ဆုရတဲ့အတွက်လည်း အံ့သြမိပါတယ်။ ဒီမှာရပ်မနေဘဲ ဆက်လက်အစွမ်းကုန် ဆက်ကြိုးစား သွားမှာပါ။ ဆက်ပြိုင်တဲ့အခါလည်း ဆုတွေထပ်ရအောင် ထပ်ကြိုးစားမှာပါ။”ဟု အလှမယ် နှင်းသက်သက်ဝေက ပြောသည်။

ဒုတိယအကြိမ် Mister & Miss Tourism and Culture Universe Bamaw 2019 ပြိုင်ပွဲ Winner ဆုရှင် မောင်အောင်မျိုးနှင့် မနှင်းသက်သက်ဝေတို့သည် ရန်ကုန်မြို့တွင် ကျင်းပမည့်ပြိုင်ပွဲသို့ ဗန်းမော်မြို့ ကိုယ်စားဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။

ဆိုင်း (ကချင်မြေ )

LEAVE A REPLY

Please enter your comment!
Please enter your name here