ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် Miss Asia Pacific International 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသူ လီဆူမလေး Angel Yi San

6336
Yi-San

မြစ်ကြီးနား၊ သြဂုတ်၁၇
Miss Asia Pacific International 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် သွားမယ့်အလှမယ်ကတော့ ကချင်တိုင်းရင်းသူ လီဆူမလေး Angel Yi San ပဲ ဖြစ်ပါတယ်။
Miss Asia Pacific International Organization က ဦးဆောင်ပြီးရန်ကုန်မြို့မှာ လူတွေ့Casting ဖြင့်ရွေးချယ်ပြီးတော့Winner အဖြစ် Angel Yi San ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်မယ့် နိုင်ငံကိုယ်စားပြုအလှမယ် Angel Yi San ဟာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပြခဲ့ပါတယ်။

Angel Yi San
“ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ညီမအကောင်းဆုံးကြိုးစားနေတယ်ပေါ့နော်၊ အဓိက ကတော့မြန်မာနိုင်ငံရဲ့ Culture ပိုင်းတွေ၊ Knowledge ပိုင်းတွေဟိုဘက်ကို အကောင်းဆုံးချပြနိုင်အောင် ပြင်ဆင်ထားတယ်၊ ဟိုဘက်မှာ ပြုလုပ်မယ့် Training Catwalk တို့ Body ပိုင်းတို့ National costume တို့ Evening Gown တို့ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်၊ နိုင်ငံကိုယ်စားပြုဆိုတော့ ကိုယ်အဆင်မပြေရင် မြန်မာနိုင်ငံကိုထိမှာဆိုတော့၊ အခက်အခဲဆိုရင် ညီမကအင်္ဂလိပ်ပိုင်း နည်းနည်းအားနည်းတယ်ဆိုတော့ အခြားဟာတွေထက်ပိုပြီး အချိန်ပေးလေ့လာဖြစ်တယ်။ ပြီးတော့ အကောင်းဆုံး ကြိုးစားနေပါတယ်”လို့လည်း သူမရဲ့အားထုတ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။

အလှမယ် Angel Yi San ဟာ နိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်ရုံတင်မကဘဲ Miss ENat City Queen, Miss Universe Hpakant 2017 Second Runner up, Miss Universe Hpakant 2017 People choice award, Miss Universe Hpakant 2017 Talent Winner, Miss Eco Myitkyina 2017 people choice award, Miss Eco Myanmar 2017 Third Runner up, Miss Eco Myanmar 2017 Famous Award ဆုများကို ရရှိထားတဲ့ အလှမယ်လေးလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး သူမ သွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး သူမရဲ့ပရိသတ်များကို ဝိုင်းဝန်းအားပေးကြဖို့ အခုလို ပြောကြားထားပါတယ်။

“ကျွန်မက ဒီအဆင့်ထိရောက်လာတာ ဒီ Angel Yi San ဆိုတဲ့နာမည် တစ်ခုရလာတာ ညီမ ကိုယ်ညီမတော်လို့မဟုတ်ဘူးပေါ့နော်၊ သူတို့တွေ အားပေးလို့ ဝိုင်းပြီးတော့ချစ်ပေးတယ်၊ အားပေးတယ် အဲ့ဒါကြောင့် နေရာတစ်ခုရလာတာပါ။ အခုညီမက စက်တင်ဘာ ၄ရက်နေ့မှာ ဖိလစ်ပိုင်ကိုသွားမယ။် ပြီးတော့ တစ်လလောက် Camp သွင်းမယ်။ Grand Final က အောက်တိုဘာ ၄ ရက် လုပ်မှာ အဲ့ကျရင် Official Voting တွေထွက်ပြီ အဲ့အချိန်ကျရင်အားပေးကြပါဦး။ ပြိုင်ပွဲတစ်လျှောက်လည်းအားပေးကြပါ၊ အခုလိုအားပေးကြတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်”လို့ ထပ်မံပြီးတော့ ပြောပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ အခုအကြိမ်သွားရောက်ယှဉ်ပြိုင်တာဟာ စတုတ္ထ အကြိမ်မြောက်ဖြစ်ပြီးတော့ အဆိုပါ ပြိုင်ပွဲကြီးကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here