မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ထောင်ဒဏ်(၁) နှစ်ချမှတ်ခံရ

580
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း

မေ ၂၆

NLDပါတီ မိုးညှင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို ယနေ့ (မေလ ၂၆)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက် ကြောင်း ၎င်းနှင့်နီးစပ်သူများထံကသိရသည်။

ဒေါ်သက်ထားနှောင်းကို အများပြည်သူ၏အကျိုးကို ပျက်စီးစေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ-၅၀၅(ခ) ဖြင့် မိုးညှင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ဒေါ်သက်ထားနှောင်းမှ အသိအမှတ်ပြု ပါဝင်ရန်အတွက် ဖြည့်သွင်းလက်မှတ်ရေးထိုးခဲ့သဖြင့် အများပြည်သူ၏ အကျိုးကို ပျက်စီးစေမှုဖြင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(ခ) အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦီးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်းအား မိုးညှင်းမြို့နယ်တရားရုံးတွင် အမှုစဖွင့်ပြီး ရုံးပြောင်းလျှောက်ထားချက်အရ မြစ်ကြီးနားမြို့နယ်တရားရုံးက အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့တွင် အမိန်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်သက်ထားနှောင်းအား ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ကချင်ပြည်နယ်၊ နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရှိ‌နေစဉ် ရဲနှင့် စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here