မြစ်ကြီးနားမြို့တွင် ၈၈၈၈ အထိမ်းအမှတ်နေ့ ပျောက်ကွယ်လုနီးပါးဖြစ်နေ

1625
မန္တလေးကျောင်းတိုက်တွင် မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့တွင် ၈၈၈၈ အထိမ်းအမှတ်နေ့ပျောက်ကွယ်လုနီးပါး ဖြစ်နေဟု ရန်ကုန် ၈၈၈၈ အရေးအခင်းတွင်ပါဝင်ခဲ့သူ ဦးမော်စီက ပြောသည်။
ယင်းသို့ ဖြစ်ရခြင်းသည် မြစ်ကြီးနားမြို့တွင်တိုင်းရင်းသား များပြားသောကြောင့် ၈၈၈၈ အထိမ်းအမှတ် အပေါ် အာရုံစိုက်မှု လျော့နည်းလာရခြင်းဖြစ်ကြောင်း ဦးမော်စီက ပြောသည်။
“ကျွန်တော်တို့ ရန်ကုန်မှာဆိုရင် စိတ်ဝင်စားမှုများတယ်။ ဒီမှာကျတော့ ရှစ်လေးလုံး အခမ်းအနားကို ကြီးကျယ်အောင် လုပ်နိုင်ဖို့အတွက် ထင်သလောက် မလွယ်သေးဘူး”ဟု ဦးမော်စီက ပြောသည်။
အဆိုပါ အစီအစဉ်ကို မြစ်ကြီးနားရှိ လူငယ်များသိရှိလာစေရန်နှင့် ထိုနေ့ရက်ကို တန်ဖိုးထားတတ်လာစေရန် မျိုးဆက်သစ်လူငယ်များကိုလည်း မွေးထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သြဂုတ်လ ၈ ရက်နေ့တွင်ကျရောက်သော ၃၁ ကြိမ်မြောက် ၈၈၈၈ အခမ်းအနားကို မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်တွင် မြစ်ကြီးနားမြို့မှ ဒေသခံအချို့က ပါဝင်ကျင်းပပြုလုပ်ခဲ့သည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here