မြစ်ကြီးနားမြို့နယ်ရှိ CDMတွင် ပါဝင်သည့် ပညာရေး၀န်ထမ်း ဆရာ/မ များ၏ သဘောထား ထုတ်ပြန်

574

မတ်၊၁၅

မြစ်ကြီးနားမြို့နယ်ရှိ CDMတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများ ဆရာ/မ မှ အာဏာသိမ်း စစ်ကောင်စီနှင့် အားပေးထောက်ခံသူများ​၏ လုပ်ဆောင်ချက်များအပေါ် ယင်းတို့၏သဘောထားကို ယနေ့ မတ်လ (၁၅)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် ပညာရေးဝန်ထမ်းများမှ မဲမသမာမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ မဲမသမာမှု အကြောင်းပြ၍ စစ်အာဏာသိမ်းမှုကို ရှုံ့ချကြောင်း၊ စစ်ကောင်စီမှ ပညာရေးဝန်ထမ်းများနှင့် ပြည်သူတစ်ရပ်လုံးကို လက်နက်များဖြင့် မတရားအကြမ်းဖက်မှုကို အပြင်းအထန် ရှုံ့ချကန့်ကွက်ကြောင်း၊ CDMဝန်ထမ်းများကို မတရားခြိမ်းခြောက် ခိုင်းစေမှုကို ရှုံ့ချကြောင်း အစရှိသည်များကို ရေးသားထားသည်။

ထို့အပြင် စစ်ကောင်စီမှ ဦးစီးလုပ်ဆောင်သော မည်သည့် ပညာရေးသင်တန်းကိုမဆို တက်ရောက်မည်မဟုတ်ကြောင်း၊ CRPH ကို ကြိုဆို လက်ခံကြောင်းနှင့် စစ်မှန်သော တရားမျှတမှု ရရှိမှသာလျှင် ပြည်သူ့ဝန်ထမ်းတာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်းလည်း ပါဝင်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here