မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားအချို့ ခြေကျင်ဖြင့် အထက်ဘက်သို့ တက်သွား

938
စစ်ကောင်စီတပ်သားများ

မေ၊၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် ဝင်ရောက် နေရာယူထားသည့် စစ်ကောင်စီ တပ်သား အင်အားအချို့ ယနေ့မနက်(၇)နာရီ ဝန်းကျင်က ခြေကျင်ဖြင့် အထက်ဘက်သို့ အထက်ဘက်သို့ တက်သွားကြောင်း သိရသည်.။

တီယန်ဇွပ် ကျေးရွာအဝင်က စစ်ကောင်စီ တပ်သားများ ပြုလုပ်ထားသည့် ဘောလုံးကွင်းနေရာတွင် ယမန်နေ့ မနက်က စစ်ကား အစီး(၅၀)ဝင်ရောက်ခဲ့ပြီး ရွာအတွင်းတွင်လည်း မေလ(၁၁)ရက်နေ့က (၃)စီး ရောက်ရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိ တီယန်ဇွပ် ကျေးရွာအတွင်း နေရာယူထားသည့် စစ်သားအချို့ ဆက်ရှိနေပြီး စစ်သားအင်အား(၅၀) ခန့် ယနေ့မနက်က အထက်ဘက်သို့ ခြေကျင်ဖြင့် တက်သွားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီမနက်(၇)နာရီလောက် ခြေလျင်နဲ့ အထက်ဘက် တက်သွားကြပြီ။( ၅၀)၊ (၆၀)လောက်ရှိမယ်။ တချို့ကတော့ နေရာယူထားဆဲ ဖြစ်တယ်”ဟု ဒေသခံက ဆိုသည်။

တီယန်ဇွပ်ကျေးရွာ အနီးဝင်းကျင်တွင် စစ်ကောင်စီတပ်သားများ လုံခြုံရေး ယူထားသည့်အပြင် အီဂျစ်ကျေးရွာကြား တောင်ကြောတစ်လျှောက်တွင်လည်း စစ်သားအများအပြား နေရာယူထားဆဲ ဖြစ်တာကြောင့် စစ်ရေးတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

တီယန်ဇွပ်ကျေးရွာသည် မြစ်ဆုံအထက်ပိုင်းတွင် တည်ရှိပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်၊ လူဦးရေ တစ်ထောင် ဝန်းကျင် ရှိသည်။

  • ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here