ရွှေကူမြို့မှာ စစ်ကောင်စီနဲ့ မြို့လှ PDF တို့တိုက်ပွဲ ဖြစ်ပွါးပြီး စစ်ကောင်စီဘက်မှ အထိအခိုက်များ

283
Myanmar-army

ဇွန်၊၁၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် သိန်းခွန်ယံကျေးရွာကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့က ဇွန်လ (၁၂) ရက်နေ့မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးတော့ စစ်ကောင်စီဘက်က အထိအခိုက်များတယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၅) ရက်နေ့က သိန်းခွန်ယံကျေးရွာဘက်ကို တက်သွားတဲ့ စစ်ကောင်စီတပ်တွေအပြင် စစ်ကူရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ မနေ့က ဇွန်လ (၁၂) ရက်နေ့က ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာနဲ့ (၉) မိုင်လောက်မှာ ထိတွေ့မှုတွေ ဖြစ်ကြတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တိုက်ပွဲကတော့ ကျောက်ကြီးကနေ အနောက်ဘက် (၈) မိုင်၊ (၉) မိုင် အဲ့ဝန်းကျင်မှာ ထိတွေ့မှုတွေ ဖြစ်ကြတာ။ သိန်းခွန်ယံ တည့်တည့် လမ်းကြောမှာ။ သိန်းခွန်ယံရောက်နေတဲ့ အဖွဲ့တွေကတော့ ဆင်းခဲ့ပြီးတော့မှ ရွှေကူကို ဒီနေ့ ရောက်သွားပြီ။ ” လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီဘက်မှာတော့ အင်အားမှာ (၂၀၀) ကျော် ဝန်းကျင်လောက်ရှိတယ်လို့ ခန်းမှန်းရပြီး ထိခိုက်သေဆုံးမှုနဲ့ ပက်သက်ပြီး တိတိကျကျ မပြောဆိုနိုင်ပေမယ့် စစ်ကောင်စီဘက်မှ အထိအခိုက်များပြားတယ်လို့ ဒေသခံက ဆိုပါတယ်။

“ အထိအခိုက်တွေတော့ ရှိတယ်။ ကျွန်တော်တို့ကတော့ ဒဏ်ရာရတယ် သေတယ်။ အဲဒီလောက်ပဲ သိနိုင်တယ်။ ဘယ်လောက်ဘယ်လိုဆိုတာတော့ မသိနိုင်ဘူး။ ကျောက်ကြီးကနေ ရွှေကူဘက်ကို လူနာတွေ သယ်တယ်လို့တော့ သတင်းကရတယ်။ သူတို့ကတော့ အထိအခိုက်များမယ်။ သိန်းခွန်ယံဘက်က‌ သူတွေလည်း ရိက္ခာတွေ ပြတ်လပ်နေတဲ့ခါကျတော့ တော်တော် ချိနဲ့နေတဲ့ ပုံစံတော့ ရှိတယ်” လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် မြို့လှ PDF တွေရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်များမှာ ခမရ (၄၁၅) တပ်တို့ဖြစ်ပြီး စစ်ကူရောက်ရှိလာတဲ့ တပ်များမှာ (၁၂၁) ဖြစ်ပြီး တော့ စစ်ကောင်စီဘက်မှ (၅၀) ဦးခန့်သေဆုံးပြီး အများအပြားဒဏက်ရာရရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၅) ရက်နေ့မှာလည်း ပန်ခေါန်ယာန်ကျေးရွာမှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဘက်ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here