ဝိုင်းမော်မြို့တွင် ကားကြီးများသွားလာရန် ကန့်သတ်ထားသည့် လမ်းအတိုင်း မသွားလျင် အရေးယူမည်

1871

စက်တင်ဘာ လ ၂၄၊

ဝိုင်းမော်မြို့နယ်၊ လော်ဝေါ်ရိုးရာယဉ်ကျေးမှုဗိမာန် ဝင်းရှေ့တွင် စက်တင်ဘာလ ၂၄ ရက် မနက်ကကုန်တင်ကားကြီးများကို ဌာနဆိုင်ရာများပူးပေါင်းထားသည့်အဖွဲ့က တားဆီးစစ်ဆေး ပညာပေးခြင်းများပြုလုပ်ခဲ့သည်။

ထိုသို့ပညာပေးခြင်းသည် ကားကြီးများသွားလာရန် သတ်မှတ်ထားသော လမ်းများမှ သွားလာရန်၊ ၁၀ကား နှင့်အထက် ဝန်ရိုးသုံးခုနှင့်အထက်ကားများ ဖြတ်သန်းသွားလာခြင်းမပြုရန် ကန့်သတ်ဆိုင်းဘုတ်များ စိုက်ထူ ထားသည်ကို မလိုက်နာ၍ ထိုသို့သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အသိပေးခြင်းကို ထွေအုပ်၊ လမ်းဦးစီဌာန၊ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ရဲတပ်ဖွဲ့ တို့ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖြတ်သန်းခြင်းမပြုရန် သတ်မှတ်ထားသောလမ်းများမှာ
ဝိုင်းမော် -ဝါရှောင်လမ်း ချီဖွေ-ဖီမော်လမ်း ဝိုင်းမော်-တာလောကြီးလမ်း စသောလမ်းကြီးများဖြစ်သည်။

ထိုသို့ပညာပေးကာလကျော်လွန်သည့်နောက်ပိုင်း အောက်တိုဘာလလယ်ခန့်တွင် စတင်ဖမ်းဆီးအရေးယူသါားမည်ဟုလည်းသိရသည်။

” ဒီလို ကန့်သတ်ထားထားတဲ့လမ်းတွေလုပ်ထားလည်း သွားနေတာပဲ ဒါကြောင့်အခုလိုအသိတောတွေလုပ်ပေးနေတာ ဒီလိုအသိပေးတာတွေလုပ်ပြီးရင်တော့ အရေးယူခြင်းလုပ်သွားမှာပါ” ဟု ဦးရဲထက်မှပြောသည်။

ပညာပေးကာလတွင် သွားလာတွေ့ရှိသော ကားများကို နောက်နောင် ထပ်မံမကျူးလွန်ရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထားကြောင်းသိရသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here