၁၇ နှစ် အတွင်း မြစ်ကြီးနားမြို့အတွက် အအေးဆုံးနှစ်ဖြစ်

2419
မြစ်ကြီးနား
Photo - Salai

ဖေဖော်ဝါရီ ၁၀

၂၀၂၀ ခုနှစ်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် ၁၇ နှစ်အတွင်း အအေးဆုံးနှစ် ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

မြစ်ကြီးနားမြို့၏ နှစ်အလိုက် အပူချိန်သည် ၂၀၁၆ခုနှစ်တွင် ၈.၅၊ ၂၀၁၇ခုနှစ်တွင် ၇.၅၊ ၂၀၁၈ခုနှစ်တွင် ၇.၃၊ ၂၀၁၉ခုနှစ်တွင် ၉.၁ အထိ ရှိခဲ့ပြီး၊ ၂၀၂၀ ခုနှစ်တွင် ၆.၇ ဒီဂရီစင်တီဂရိတ်ဖြင့် အအေးဆုံးနှစ် ဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွန်းက ပြောသည်။

“တစ်ခါတလေကလေ ဒီဇင်ဘာလနှင့် ဇန်နဝါရီလလယ်လောက်မှာ တစ်နှစ်လုံးရဲ့ အအေးဆုံးဖြစ်တတ်တာပေါ့နော်။ မနှစ်တုန်းကနဲ့ ဒီနှစ်က နည်းနည်းတော့ ပိုအေးတယ်”ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့၏ အပူချိန်သည် ၂၀၀၃ ခုနှစ်တွင် အပူချိန် ၆.၂ အထိကျဆင်းခဲ့သောကြောင့် အအေးဆုံးနှစ်ဖြစ်ခဲ့ပြီး ဆယ့်သုံးနှစ်အကြာ ယခုနှစ်တွင် အပူချိန် ၆.၇အထိ ကျဆင်းနေခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းအအေးလှိုင်းဖြတ်သန်းမှု မရှိကြောင်း၊ ပုံမှန်အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်အောက်ကျသွားမှသာ အအေးလှိုင်းဖြတ်သည်ဟု ပြောလို့ရကြောင်း ဦးနိုင်လင်းထွန်းက ဆက်လက်ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဖေစ့်ဘုတ်စာမျက်နှာတွင် မိုးလေဝသသတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျက်ရှိသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here