မြစ်ကြီးနား၊ ဧပြီ ၂၉
မြန်မာ့တပ်မတော်က ထွက်ခွါခွင့်မပြုသေး၍ အင်ဂျန်းယန်မြို့နယ်၊ ဂွေထော်ကျေးရွာ၌ ကျန်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ ၁၅၀ ဦးခန့်ကို ယနေ့ ည ၇ နာရီကျော် အချိန်တွင် မြစ်ကြီးနားမြို့နယ်သို့ ခေါ်ဆောင်လာ နိုင်ခဲ့ပြီဖြစ်သည်။
မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ (MCC)၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)တို့ကလာရောက်ခေါ်ယူခဲ့ကြခြင်း
ဖြစ်သည်။


၂၈ ဦးကို မွန်းလွဲပိုင်းက မြစ်ဆုံအနီးရှိ တန်ဖရဲရွာသို့ပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် ၁၁၉ ဦးကို ည ၇ နာရီ ကျော်တွင် ပို့ဆောင်ခဲ့သည်။
အဆိုပါ စစ်ရှောင်ပြည်သူများအား နံနက် ၁၀ နာရီ အချိန်ခန့်ကတည်းက ခေါ်ယူနိုင်ရန် ဆောင်ရွက်ခဲ့ ကြသော်လည်း တပ်မတော်က ခေါ်ဆောင်သွားခွင့်မပြုသည့်အတွက် ယခုကဲ့သို့ ကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု ကေဘီစီသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်ကပြောသည်။
“၂ နာရီမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တယ်။ ပြီးတော့ သူ တို့စီက ခွင့်ပြုချက်ရလာတယ်။ လာခေါ်တော့ ဂွေထော်စစ်တပ်တာဝန်ရှိတဲ့သူတွေက တိုင်းရဲ့ခွင့်ပြုချက်မရသေး ဘူးဆိုပြီး ပြောတယ်။ ညနေ ၂ နာရီကတည်းက စောင့်နေကြတာ အခုမှ ခေါ်လို့ရခဲ့တယ်။”ဟု လာရောက် ခေါ်ဆောင်ရာတွင်ပါဝင်သူ ဦးလမာယော်ကပြောသည်။
ယင်းစစ်ရှောင်ပြည်သူများသည် ဂွေထော်ကက်သလစ် ဘုရားကျောင်းတွင် သုံးရက်ကြာခန့် နေထိုင်ခဲ့ ကြပြီး ယခုအခါ တန်ဖရဲကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
Salai







