မြစ်ကြီးနားမှာ ဖုန်းလုပြေးတဲ့ အမျိုသားနှစ်ဦးကို ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

114

 

ဖေဖော်ဝါရီ၊၂၆

ခိုးဆိုးလုယက်မှုတွေများနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်မှာ မနေ့ညနေ သုံးနာရီခန့် ဖုန်းလုပြီးပြေးသွားတဲ့ အမျိုးသားနှစ်ဦးကို ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာရှိတဲ့ မူးယစ်ဝါးဖြတ်ဆေးရုံလမ်းကြားမှာ ကလေးကြိုပြီးပြန်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖုန်းကို အမျိုးသားနှစ်ဦးက လုယက်သွားပြီးနောက် အဲဒီအမျိုးသားနှစ်ဦးကို ဒူကထောင်ရပ်ကွက်မှာ ပြန်တွေ့တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ဖမ်းဆီးခဲ့ကြတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်

ဖုန်းလုတဲ့အချိန်တွေ့ထားတဲ့ အစ်ကိုတစ်ယောက်က ဒူကထောင်ဘက် ပြန်လာတဲ့အချိန် ဖုန်းလုတဲ့သူတွေက သူ့ရှေ့မှာ လမ်းလျှောက်ပြီး လာနေတာတွေ့တာလို့ အော်လိုက်တာနဲ့ ရပ်ကွက်ကလူတွေက ဝိုင်းဖမ်းလိုက်တယ်။ ”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးဟာ မြစ်ကြီးနား ပြည်သူ့ဆေးရုံအနီးက လမ်းကြားတွေနဲ့ ဒူကထောင် ရပ်ကွက်မှာ ခိုးဆိုးလုယက်မှုတွေ ပြုလုပ်နေတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနားမြို့မှာ အရင်ကထက် ခိုးဆိုးလုယက်တွေ များလာတဲ့အတွက် ထိထိရောက်ရောက် အရေးယူဖမ်းဆီးမှုတွေ ပြုလုပ်ပေးစေချင်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်အမျိုးသမီးတစ်ဦးက တောင်းဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ အဖွဲ့လိုက် တုတ်ဓားကိုင်ဆောင်ပြီး လုယက်ခိုးယူတာတွေ ပြုလုပ်တဲ့အတွက် ခိုးယူခံရတဲ့အချိန်၊ လုယက်ခံနေရတဲ့အချိန်တွေမှာ ဘေးပတ်ဝန်းကျင်ကို အကူအညီမတောင်းနိုင်ဘဲ ရပ်ကြည့်နေရတဲ့အဖြစ်တွေ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့က နေအိမ်တွေမှာ ဝင်ပြီး ကား၊ဆိုင်ကယ်တွေ ခိုးယူနေအပြင် လမ်းမပေါ်တွေမှာ လုယက်သူတွေအနေနဲ့လည်း ကား၊ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မောင်းယူသွားတာတွေ ပြုလုပ်နတာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ အရင်ကတည်းက ခိုးဆိုးလုယက်မှုတွေ ရှိနေတာ ဖြစ်ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရင်ကထက် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြတဲ့အပြင် လူ့

 

LEAVE A REPLY

Please enter your comment!
Please enter your name here