(၈)ကြိမ်မြောက် ကချင်အမျိုးသားကွန်ဂရက်ပါတီနှင့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တို့ပူးပေါင်း၍ လူငယ်နှင့် နိုင်ငံရေးအသိဉာဏဆိုင်ရာဆွေးနွေးပွဲကျင်းပ

987
လူငယ်နှင့် နိုင်ငံရေးအသိဉာဏဆိုင်ရာဆွေးနွေးပွဲ

အောက်တိုဘာ ၁၁
ကချင်အမျိုးသား ကွန်ဂရက်ပါတီနှင့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသည့် ၈ကြိမ်မြောက် လူငယ်နှင့်နိုင်ငံရေးအသိဉာဏဆိုင်ရာဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ ဟူးကောင်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်း ဆွေးနွေးပွဲတွင် အဓိကအားဖြင့် ကချင်ပြည်နယ် လူငယ်အရေးစဉ်းစားဖွယ်ရာများ၊ နိုင်ငံရေးစနစ်များ၏ ဝိရောဓိနှင့် လစ်ဘရယ် ဒီမိုကရေစီစနစ်သည် နောက်ဆုံးလား၊ နိုင်ငံရေးနှင့် ကချင်ပြည်နယ် လူငယ်များ အနာဂါတ် တည်ဆောက်မှု စသည်များကိုဆွေးနွေးခဲ့ပြီး၊ ကချင်ပြည်နယ် အမျိုးသမီးများနှင့် လူငယ်များ မိတ်ဆက်ခြင်းကဏ္ဍကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ကချင်ပြည်နယ်မှ ပြည်သူများ စုပေါင်းလုပ်ဆောင်နိုင်မှ ပြည်မနိုင်ငံရေးကို အနိုင်ရမည် ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ကချင်သီးသန့်ပဲ လုပ်ဆောင်မှုသည် မဖြစ်နိုင်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ပြောသည်။

“ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်စနစ်က ဗဟိုချုပ်ကိုင်မှုက မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က Power Sharing လုပ်ရမယ်။ အဲဒါကြောင့် ကချင်ပြည်နယ်က ပြည်သူတွေ အဓိကက တိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တယ်။ ဒီမျိုးနွယ်စုတွေကို စုစည်းပြီး နိုင်ငံရေးလှုပ်ရှားရမယ်လို့ မြင်ပါတယ်”ဟု ဒေါက်တာအမ်ကောန်လက ဆိုသည်။
ပြည်သူများ အတွက် ပြည်သူ့ပေါ်လူစီက အရေးကြီးကြောင်း၊ နိုင်ငံရေးပါတီအနေဖြင့်လည်း ဥပဒေလမ်းကြောင်းကို သေချာဆုပ်ကိုင်ထားရမည်ဖြစ်ပြီး ပေါ်လစီကိုလည်း ခိုင်မာတည်မြဲရမည် ဖြစ်ကြောင်း ဒေါက်တာအမ်ကောန်လက ဆက်လက်ပြောသည်။

“ပြည်မကနေ ကျွန်တော်တို့ကို ဖိနှိပ်စားတဲ့လူတွေနဲ့ပေါင်းလို့မရဘူး။ သူတို့တွေနဲ့ အတူနေတဲ့အတွက် ပေါ်လစီနဲ့ Stand Fight လုပ်ရမယ်လို့ ပြောချင်ပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းမှာ သေချာရပ်ပြီး ကျွန်တော်တို့ပြည်နယ်အတွက် ကြိုးစားရအောင်လို့ ပြောချင်ပါတယ်”ဟု ၎င်းင်းက တိုက်တွန်းပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကချင်အမျိုးသားကွန်ကရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်အတွင်းရေးမှူး စိုင်းကျော်သီဟ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီမှ ဆွမ်လွတ်ခေါန်ဂျာ (အမျိုးသမီးနှင့် လူငယ်သံတမန်)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ ဒုဥက္ကဋ္ဌ ဒူဝါလခိဇော်ဘောက်တို့က ဦးဆောင်ဆွေးနွေးခဲ့သည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here