ဖားကန့်မြို့နယ်၊ တာမခံကျေးရွာအနီးရှိ KIA တပ်ရင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို

909

မတ်လ ၁၂

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု တာမခံကျေးရွာအနီးတွင် အာဏာသိမ်း တပ်မတော်၏ တပ်မ (၃၃) မှ ဥရုချောင်းတစ်ဖက်ကမ်းရှိ KIA တပ်ရင်း (၃၁) ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း တာမခံဒေသခံတစ်ဦးထံက သိရသည်။

“တပ်မ ၃၃ က တစ်ဖက်က ကျွန်တော်တို့ရွာက ဒီလိုမျိုး တပ်ကုန်း​ပေါ်ကနေပြီးမှ ဥရုချောင်းရဲ့ တစ်ဖက်ကမ်းမှာ KIA တပ်ရင်း ၃၁ ရှိတယ်။ အဲဒီဘက်ကို ခြောက်တဲ့သဘောနဲ့ လှမ်းထုတာပေါ့။ သုံးချက် လက်နက်ကြီးနဲ့ ဒါပေမယ့် KIA ဘက်က ဘာမှ တုန့်ပြန်တာ မရှိဘူး။ နှစ်ဖက်တိုက်ပုံစံမျိုးလဲ မဟုတ်ဘူး ဒီဘက်ကပဲ လှန့်နေတဲ့ ပုံစံ ပစ်တာ ဒီနေ့က တစ်နေကုန်လှန့်တာ ညနေ ငါးနာရီကတည်းက တစ်ချက်ဖောက်တယ်။ ခုနဖြစ်တဲ့အချိန်ပေါ့နော် ခုနှစ်နာရီကျော်လောက် လက်နက်အကြီးအရင်ချတာ တစ်ချက်တစ်ချက်ဖောက်ဖောက်ပြီးတော့ ​မြေတွေတောင် တုန်တယ်သုံးချက်လောက်ဖောက်တာ လက်နက်ကြီးက သုံးချက်ဖောက်ပြီးတော့ ခဏလည်းနားပြီးရော လက်နက်အသေးငါးချက်ပြန်ဖောက်တယ် “ဟု ဆိုသည်။

လက်ရှိအချိန်ထိ KIA တပ်ရင်းဘက်မှ တန်ပြန်တိုက်ခိုက်ခြင်း မရှိပေမယ့် တပ်မ ၃၃ ဘက်မှ လုံခြုံရေးယူထားသည်ကို ကြားသိရ​ကြောင်းလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“ဘာမှတုန့်ပြန်မှုတော့ မရှိဘူး။ ဒါပေမယ့် စစ်တပ်ဘက်ကကျတော့ ဒီ ရွာထဲတွေ ဆင်းပြီး သူတို့ လုံခြုံရေးတွေတော့ လုပ်ထားတယ်လို့တော့ ကြားတယ် ။ဟိုဘက်ကလည်း ​ဘယ်လို အနေအထားရှိလည်းတော့ မသိဘူး။မနက်ဆယ်နာရီ ကျော်ကျော်မီးပျက်ပြီဆိုရင် တစ်ခါပြန်ပစ်တာ​တွေရှိတယ်။ အခုအခြေအနေစောင့်ကြည့်နေတဲ့သဘောမှာပဲ ရှိတယ်။ “ဟု ဆိုသည်။

လက်ရှိအချိန်တွင် တာမခံရွာသားများအနေဖြင့် မအိပ်ပဲ အခြေအနေကို နားစွင့်နေကြသည်ဟုလည်း ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here