ဧပြီ၊၁
မိုးကောင်းမြို့နယ် ဒွမ်ဘုံးခအောက် မရန်ကထောင်ဂိတ်အထက် လွယ်လီချောင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၁၁)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့ ဧပြီလ (၁) ရက်နေ့ နံနက် (၁၁) နာရီခန့်မှ ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
ဟူးကောင်းလီဒိုလမ်းဘက်တွင် စစ်ကောင်စီ စစ်အင်အား တိုးချဲ့လာသည့် စစ်ကြောင်းကို KIA တပ်ရင်း (၁၁) က ပစ်ခတ်တိုက်ခိုက်ကာ နှစ်ဖက်တပ်မှ (၂)နာရီခန့် ပစ်ခတ်တိုက်ခိုက်ပြီး ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
၎င်းလွယ်လီချောင်းသည် မိုးကောင်း၊ နမ္မတီးနှင့် မြစ်ကြီးနားမှ ပြည်သူများက ခြံလုပ်နေသည့်နေရာဖြစ်ကြောင်းသိရသည်။







