ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦး ပြန်လည် လွှတ်မြောက်လာ 

654

 

ဧပြီ ၉

ဧပြီလ ၉ ရက်နေ့ မြစ်ကြီးနားမြို့ သပိတ်စစ်ကြောင်းတွင် ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦး ပြန်လည် လွတ်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် မဒွဲနန်နှင့် မလိုင်းလိုင်အောင်တို့ နှစ်ဦးသည် ယနေ့ည ၁၀ နာရီကျော် အချိန်ခန့်က ပြန်လည် လွတ်မြောက်လာပြီဟု ဒေသခံ လူငယ်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ပြောသည်။

” သူတို့ နဲ့ သူငယ်ချင်းတွေကို အပါပေါ့နော် အပေးအယူလုပ်တဲ့ အနေအထားထိတော့ ရှိသွားတယ်။ သို့ပေမယ့် သူရဲ့ သူငယ်ချင်းသုံးဦးလည်း ဒီည ကိုးနာရီကျော်လောက်မှာ ခရိုင်ရဲမှူးရုံးကို သွားပြီး PCG နဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ အခု ည ဆယ်နာရီကျော်မှာ လွတ်မြောက်လာတာ ဖြစ်ပါတယ်”ဟုပြောသည်။

မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်း နှင့် ကျောင်းသားသမ္မဂသပိတ်စစ်ကြောင်းများ ပူးပေါင်း ဆန္ဒထုတ်ဖော်စဉ် ဖြိုခွင်းခံရပြီး အဆိုပါ မိန်းကလေး နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here