ယနေ့မနက် ၅ နာရီကျော် အချိန် ဝါးရှောင်ကျေးရွာ ၁၃မိုင် တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါး။

653

ဧပြီ၊ ၁၇

ယနေ့ မနက် ၅ နာရီ မိနစ် ၂၀ ချိန်မှ စ၍ ၈ နာရီ ၄၀ မိနစ်ချိန်ထိ ဝါးရှောင်ကျေးရွာစုပေါင်းဂိတ်ထိုင်ရာ ၁၃ မိုင်တစ်လျှောက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

“မနေ့ည ၁၀ နာရီ ခွဲကျော်လောက်မှာ မီးတွေပြတ်သွားတယ်၊ သတင်းကြားရတာက နမ့်ဝါကျေးရွာဖက်က တပ်ရင်း (၅၈) က ခလယန်ကျေးရွာဖက်ကို စစ်ကြောင်းတက်သွားတယ်ပေါ့၊ အဲ ဒီမနက်တော့ တိုက်ပွဲဖြစ်တာပါပဲ” ဟု ရွာသားတစ်ဉီးမှ အတည်ပြုပြောကြားသည်။

နောက်ရွာသားတစ်ဉီးမှလည်း ” အဲ့ဒီ စုပေါင်းဂိတ်မှာထိုင်တဲ့ ရဲနဲ့လဝက ကလူတွေ ကားနဲ့ ထွက်ပြေးကြတာတွေ့လိုက်တယ်” ဟုဆိုသည်။

KIA မှ ရွာသားများကို နောက်တစ်ပတ် အင်္ဂါနေ့ချိန်ထိ ရွာပြင်မထွက်ရန်နှင့် တောင်ယာခင်းများ သို့ သွားရောက် လုပ်ဆောင်ခြင်း မလုပ်ရန် အကြောင်းကြားထားသည်ဟု ရွာသားများက ဆိုသည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက် ထိခိုက်မှု အခြေအနေကိုမသိရသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here