စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေများအား မြို့လှ PDF မှ ကြားဖြတ်တိုက်ခိုက်

603
Kachin region PDF

ဧပြီ၊၁

ကချင်ပြည်နယ်၊ ရွှေကူမြို့ ကျောက်ကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေ (၆) စီးကို မြို့လှ PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေကူမြို့ ဒေသခံတစ်ဦးထံမှ သိရသည်။

ယနေ့ ဧပြီလ (၁) ရက်နေ့ နံနက်ပိုင်း (၈) နာရီခွဲအချိန်ခန့်က ကျောက်ကြီးရွာမှ မြို့လှဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ ရိက္ခာတင်စက်လှေ (၆) စီးကို မြို့လှ PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” (၈) နာရီခွဲလောက်က စကစရဲ့ ရိက္ခာတင်ယာဉ် မော်တော် (၆) စီးကို မြို့လှ PDF မိုးကြိုးအဖွဲ့ကနေပြီးတော့မှ ကြားကနေ ဖြတ်ပြီးတော့မှ ပစ်ကြတာပါ။ သူတို့ဘက်ကလည်း ရှေ့က မော်တော်ကတော့ ပြန်ပစ်တယ်လို့ ကြားသိရတယ်” ဟုဒေသခံက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုမှာ မိနစ်(၂၀)ခန့်ကြာမြင့်ပြီး ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး အတိမကျ မသိရှိရပါ။

ဒေသကာကွယ်ရေးတပ်ဖွဲ့ မြို့လှ PDF မှ စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေများအား ပစ်ခတ်တိုက်လေ့ ရှိသည့်အပြင် စစ်ကောင်စီ စစ်ကြောင်းများကိုလည်း မကြာခဏ တိုက်ခိုက်လျက်ရှိကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here