ဖားကန့်တွင် လုပ်ကွက်တစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပြီး လူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိ

1240
ဖားကန့်မြို့

ဧပြီ၊၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဗလခမှော်နှင့် မော်မောင်းလယန်နားက လုပ်ကွက်တစ်ခုတွင် ယမန်နေ့ည(၉)နာရီ ဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းလုပ်ကွက်အတွင်း မည်သည့် အကြောင်း ကိစ္စကြောင့် ပေါက်ကွဲမှု ဖြစ်သည်ကို အတိအကျ မသိရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

” ‌ဗလခမှော်နဲ့ မော်မောင်းလယန်နားက လုပ်ကွက်တစ်ခုမှာ ဖြစ်တာ။ လူ(၅)ယောက် ထိခိုက်တာ။ လက်နက်ကြီး ကျတယ်လို့လည်း ပြောတယ်။ တချို့က ပေါက်ကွဲမှု ဖြစ်တယ်လို့လည်း ပြောတယ်။ အတိအကျတော့ မသိရဘူးပေါ့။ ရေမဆေးရှာတဲ့ သူတွေရော ကြောက်ပြီး အကုန် ထွက်ပြေးကြတာ”ဟု ၎င်းက ဆိုသည်။

ယင်းပေါက်ကွဲမှုတွင် လုပ်ကွက်အတွင်း တစ်နိုင်တပိုင် လုပ်ကိုင်နေသည့် အမျိုးသား(၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here