ဇွန်၂၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခါအကျဥ်းထောင်အတွင်း တပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့ မနက်အစောပိုင်း အချိန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကနေလဘ်း လက်နက်ကြီးဖြင့် အချက် နှစ်ဆယ်ကျော် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ ဒီမနက် အစောကြီး KIA ကအရင် လာပစ်သွားတာ။ ပြီးမှ စစ်ကောင်စီဘက်က လေးနာရီခွဲလောက်ကနေ ငါးနာရီခွဲလောက်အထိ လက်နက်ကြီး နဲ့ပဲ အချက် နှစ်ဆယ်ကျော် ပစ်တာ။ ဘယ်မှာသွားထိလဲတော့ မသိသေးဘူး ” လို့ ဒေသခံ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောသည်။
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလဲ ဖားကန့်မြို့ ထွေအုပ်ရုံးတွင် မိုင်းနှစ်ခါ ပေါက်ကွဲခဲ့သလို မှော်ပုံဘက်ကိုလည်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူအချို့ ကျည်ထိမှန် ခဲ့ပါတယ်။







