ဝိုင်းမော်မြို့နယ်၊ အောင်မြင်(၂) ကျေးရွာမှာ KIA တပ်ဖွဲ့ဝင်တစ်ဦးအား ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားဟုဆို

335
KIA

ဇွန်၊၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ(၂)ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် စစ်သားတွေက မနေ့ကညနေ(၂)နာရီလောက်မှာ ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။

အောင်မြေ(၂)ကျေးရွာက မူးယစ်ဆေးဝါး ရောင်းတဲ့ လူနှစ်ဦးကို KIAက သွားဖမ်းပြီး အပြန်လမ်းမှာ နားနေချိန် ပြည်သူ့စစ် စစ်သားတွေက လိုက်လာပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အခြားသူတွေ အားလုံး ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာရရှိသွားတဲ့ KIAစစ်သားတစ်ယောက်ကတော့ ဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ အဲဒီ‌ကျေးရွာ အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“အရာရှိ ဟုတ်မဟုတ်တော့ မသိဘူး။ သူတို့က မူးယစ်ဆေးဝါးရောင်းတဲ့ လူနှစ်ယောက်ကို သွားဖမ်းတာ။ ဖမ်းလာပြီး အောင်မြေ(၂) နေအိမ်တစ်ခုမှာ နေနေတဲ့အချိန် လိုက်လာပြီး ပစ်သွားတာပေါ့။ ခဏလေးပဲ နားနေတဲ့အချိန် ဖြစ်သွားတာ။ ဗိုက်မှာရော၊ ခြေထောက်မှာရော၊ ပုခုံးမှာရော ထိတယ်တဲ့။ အဲဒါကြောင့် ဖမ်းခံသွားရတာ”လို့ သူက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံသွားရတဲ့ KIAစစ်သားဟာ အသက်ရှင်/မရှင် စုံစမ်းလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here