စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး မြစ်ကြီးနားမြို့အထွက် အကျဲကျေးရွာက နေအိမ်တစ်လုံးမီးလောင်

388
လက်နက်ကြီးကျည်ထိမှန်ပြီး အကျဲကျေးရွာက နေအိမ်ပျက်စီးနေစဉ်။ Credit- Padang Nsen

 

မတ်၊၂၈

မြစ်ကြီးနားမြို့ ၊အကျဲကျေးရွာအထွက် ဖရောကျေးရွာသွားတဲ့လမ်းဘက်မှာ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပစ်လိုက်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်တစ်လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။

အထက်ပါကျေးရွာဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပြန်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်တစ်လုံး မီးလောင်သွားခဲ့တာလို့ အကျဲ‌ဒေသခံတစ်ဦးက ပြောပါတယ်။

အဖွားကြီးတစ်ယောက်နေတဲ့အိမ် ဟုတ်တယ်။ သူဘယ်သွားလိုက်သလဲတော့ မသိဘူး။ သူမရှိတဲ့အချိန် နေ့လယ် ၁၁ နာရီ‌ကျော်လောက်မှာ ဖြစ်သွားတာ။”ို့ ဒေသခံက ဆိုပါတယ်။

ဒီမနက် ၅ နာရီလောက်ကစ လက်နက်ပစ်ခတ်သံတွေ ကြားခဲ့ရတာဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်မှာ ရွာအတွင်းလက်နက်ကြီးကျရောက်ခဲ့တာကြောင့် မီးလောင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကျဲကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ဖရောကျေးရွာနဲ့ တစ်မိုင်သာဝေးတယ်လို့ သိရပါတယ်။

အခုနှစ် နှစ်စပိုင်းကတည်းကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး မတ်လ ၇ ရက်နေ့က စစ်တင်လိုက်တဲ့ ထိုးစစ်မှာလည်း မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီစခန်းတပ်စခန်းတွေအပါအဝင် လိုင်ဇာဌာနချုပ်အနီးက စခန်းကြီးစခန်းငယ် စုစုပေါင်း ၄၀ လောက်ကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ဒီနှစ်အတွင်းမှာပဲ အထက်ပါအကျဲကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ကြိမ်ရှိပြီလို့လည်း သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here