အာဏာသိမ်းပြီးနောက် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီတပ်သားနှင့်ရဲ ၁၄,၀၀၀ ကျော်အား ကူညီပေးထားကြောင်း NUG ထုတ်ပြန်

376

 

နိုဝင်ဘာ၊၂၁

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်လာတဲ့ စစ်သားနဲ့ရဲသား စုစုပေါင်း အယောက် ၁၄,၀၀၀ ကျော်ကို NUG ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်အကောင်ဖော်မှု ကော်မတီက ကူညီဆောင်ရွက်ပေးထားတယ် လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ ၁၀၂၇ စစ်ဆင်‌ရေး စတင်တဲ့ အောက်တိုဘာ ‌‌၂၇ ရက်နေ့ကစပြီး ဒီနေ့ (နိုဝင်ဘာ ၂၁) ရက်ထိ NUG ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်ဖော်မှုကော်မတီကို ဆက်သွယ်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သား/ရဲသား ၃၄ ယောက်ထိ ရှိလာပြီးတော့ Pre CDM (ဖရဲသီး) အတွင်းသတင်းပေးပို့ဖို့ ပူးပေါင်းလာသူ ၆ ယောက် ထပ်တိုးလာတယ်လို့ NUG က ထုတ်ပြန်ထားတာပါ။

ဆက်သွယ်လာတဲ့ ၃၄ ယောက်ထဲက ၂၂ ယောက်ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီးတော့ ကျန် ၁၂ ယောက်ကိုတော့ စီစဉ်ဆောင်ရွက်ဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အခု CDM လုပ်ဆောင်သူထဲမှာ ဗိုလ်ကြီး ၄ ယောက် ၊ အရာရှိတစ်ယောက်၊တပ်ကြပ်ကြီး ၄ယောက် ၊ ဒုတပ်ကြပ် ၂ ယောက် ၊ရဲဘော် ၁၉ ယောက်နဲ့ ရထားရဲ ၂ ယောက်တို့ပါဝင်တယ် လို့ သိရပါတယ်။

လက်နက်ခဲယမ်းအနေနဲ့ MA-1 ၃ လက် ၊ ၉ မမ ပစ္စတို ၂ လက် ၊၄၀ မမ ဗုံးသီးငါးလုံး လက်ပစ်ဗုံး ၈ လုံးနဲ့ ၅.၅၆ နဲ့ ၇.၆၂ ကျည် ၁၀၀၀ နီးပါး ပါဝင်တယ်လို့ NUG က ဆိုပါတယ်။

အခုစာရင်းဟာ NUG ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်ဖော်မှု ကော်မတီရဲ့ စာရင်းဖြစ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီ အလင်းဝင်ရောက်လာသူတွေလည်း ရှိနေပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လက်ရှိအချိန်ထိ ညီနောင်မဟာမိတ် ၃ ဖွဲ့ဆီလည်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀၀ ကျော် ရှိပါတယ်။

ဓါတ်ပုံ- NUG-MOD

 

LEAVE A REPLY

Please enter your comment!
Please enter your name here