တန်ဖရဲဂိတ်တွင် ဖြတ်သန်းခွင့် မပေးခြင်းကြောင့် ခရီးသည်ယာဉ် (၁၀၀) ဝန်းကျင် ပိတ်မိနေ

321
မြစ်ဆုံအနီး တန်ဖရဲကျေးရွာတွင် ကားများပိတ်မိ

ဇွန်၊၁၈

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းကို KIA မှ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြစ်ဆုံအနီး တန်ဖရဲကျေးရွာရှိ စစ်ကောင်စီဂိတ်မှ ခရီးသွားပြည်သူများကို ယနေ့မနက်ပိုင်း (၈) နာရီခန့်မှ ယခုအချိန်ထိ ဖြတ်သန်းခွင့် ပိတ်ထားသည့်အတွက် ခရီးသွားယာဉ် (၁၀၀) နီးပါး ပိတ်မိနေကြောင်း သိရသည်။

“အထက်ဘက်ကနေ ဆင်းလာတဲ့ဟာဆို ဘယ်သူ့ကိုမှ မဖြတ်ခိုင်းဘူး။ မြစ်ကြီးနားဘက်ကနေတက်လာတာဆိုရင်တော့ တန်ဖရဲ ဂိတ်ကနေအချိန်ခြားပြီး တစ်ခေါက်ကို နှစ်စီး သုံးစီးပဲ ဖြတ်ခိုင်းတယ်။ အဆင်းကတော့ ကားတေင်င်တော်တော်များနေပြီ။ အစီးတစ်ရာလောက်တောင် ရှိမယ်ထင်တယ်။ပိတ်မိနေတာ။ ဘယ်ချိန်မှ ဖြတ်ခိုင်းမလဲတော့ မသိဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ယနေ့ မနက်ပိုင်းက တန်ဖရဲကျေးရွာမှ မြစ်ကြီးနားဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းကို တန်ဖရဲကျေးရွာနှင့် ကျိန်ခရန်ကျေးရွာအကြား မနက် (၇) နာရီ ဝန်းကျင်ခန့်အချိန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here