ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

81
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

 

ဒီဇင်ဘာ၊၆

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဗန်းမော်မြို့အနီးတစ်ဝိုက် တစ်ပြိုင်နက် စစ်မျက်နှာပြင်ဖွင့် ပိတ်ဆို့တိုက်နေပြီး ဒီကနေ့ ဒီဇင်ဘာလ၆ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကနေစပြီး ဗန်းမော်နဲ့ မံစီမြို့အနီးတစ်ဝိုက် နေရာအနှံ့ KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဗန်းမော်မြို့တွင်း အထိပါ တိုက်ပွဲဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ သုံးရက်မြောက်နေ့ လက်ရှိအချိနန်အထိ KIA တပ်ဖွဲ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

တိုက်ပွဲကတော့ ဖြစ်နေဆဲပဲ။ စစ်ကောင်စီတပ်တွေလည်း ပြေးလမ်းမရှိတော့ဘူး။ ကုန်လမ်း၊ ရေလမ်းကနေလည်း ထွက်ပြေးလို့ မရတော့ဘူး။ အသေခံမလား၊ လက်နက်ချမလားပဲ ရှိတော့တယ်။ို့ ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးရဲ့‌ ပြောပြချက်အရလည်း KIA ပူးပေါင်းတပ်ဖွဲ့ကနေ ဗန်းမော်မြို့တွင်းနေရာအချို့ကို ဝင်ရောက်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်သားအချို့ကတော့ အကျဉ်းထောင်ဘက် ထွက်ပြေးသွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်သားတွေအားလုံးကတော့ ထောင်ရှေ့က စစ်တပ်ကို ထွက်ပြေးသွားတယ်တဲ့။ ဒီမနက်ပိုင်း နာရီလောက်လည်း လေယာဉ်နိမ့်နိမ့်လေးလာသွားတယ်လို့ ပြောပါတယ်။

နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက် လေကြောင်းပစ်ကူမှုတွေ ရှိနေပြီး တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုကြောင့်ပါ အရပ်သားထိခိုက်သေဆုံးတာတွေနဲ့ နေအိမ်ပျက်စီးတာတွေပါ ရှိနေတယ်လို့ ကြားသိရပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အတိအကျအခြေအနေကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ် နီးစပ်ရာနေရာတွေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အလံဖြူထောင်ပြီး ရေကြောင်းအပြင် ကုန်းကြောင်းကနေပါ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကြားသိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာ မြို့အတွင်းမှာ ဖုန်းလိုင်းပြတ်တောက်မှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ တစ်ဆင့်စကားတစ်ဆင့် ကြားသိရတာတွေကိုသာ ပြန်လည်ပြောပြနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံနေရပြီး လူစုထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here