သမိုင်းထဲကကချင်ပြည်နယ်

Nan Zing Htoi Wa

ဝမ်းအိုဝမ်း ကချင်ရိန်းဂျား စစ်သားဟောင်း နန်းဇိန်းထွဲဝါ

ဂျပန်တွေ နယ်ချဲ့လာပြီးညှင်းပန်းနှိပ်စက်မှုတွေ ရှိလာတဲ့အတွက် ကိုယ့်တိုင်းပြည်ကို ကာကွယ်တဲ့ အနေနဲ့ ၁၉၄၃-၁၉၄၄ ခုနှစ်မှာ ဝမ်းအိုဝမ်း ကချင်ရိန်းဂျားအဖွဲ့ဆိုတဲ့အမည်နဲ့ အမှတ်(၁၀၁) ကချင်တပ်ကို စတင် ဖွဲ့စည်းခဲ့ပါတယ်။၁၀၁ ကချင်ရိန်းဂျားအဖွဲ့မှာ ကချင်မျိုးနွယ်တွေ ဦးရေ နှစ်သောင်းကျော် ရှိခဲ့ပြီး အခြားအဖွဲ့တွေ ဖြစ်တဲ့ Two Twenty ၊...

ကချင်ဘာသာဖြင့် ဗုဒ္ဓဝင်ရေးလိုသူ

ဗြိတိသျှတို့ အုပ်စိုးခဲ့ချိန်က ရဟန်းသံဃာတော်များကို ချီးမြှင့်သော အမြင့်ဆုံးဘွဲ့မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဖြစ်သည်။ ဘွဲ့ရဆရာတော်ကြီးများ များစွာမရှိခဲ့သော်လည်း အရှင်ဘဒ္ဒန္တတိလောက ဆရာတော်ကြီးသည် ထိုဘွဲ့ကို ဆက်ကပ်ခြင်း ခံခဲ့ရသည်။ ဆရာတော်ကြီးသည် သည်းခံမှု၊ ကိုယ်စိတ် နှိမ့်ချမှု၊ ခေါင်းပါးစွာနေထိုင်ကျင့်ကြံမှုတို့ဖြင့် နေထိုင်တော်မူခဲ့သည်။ ရရှိသော လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းထားလေ့ မရှိဘဲ...
လီဆူပုံပြင်

ဖတ်လိုက်ရသော လီဆူပုံပြင်လေးတစ်ပုဒ်

ပန်းချီဦးလှတင်ထွန်းက ပန်းချီဆရာကြီးဦးမြတ်ကျော် ရာပြည့်ပွဲပြုလုပ်မည်ဟု ဆိုသည်။ ထို့နောက် ဦးမြတ်ကျော်၏ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီများကို တတ်နိုင်သရွေ့ရှာပေးရန် တာဝန်ပေးလာခဲ့သည်။ ထို့ကြောင့် လက်လှမ်းမီသမျှ မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ ပေဖူးလွှာ အစရှိသည့် မဂ္ဂဇင်းများကို ပြန်လှန်ရသည်။ ထိုသို့လှန်ရင်း လီဆူပုံပြင်လေးတစ်ပုဒ်ကို ၁၉၆၀၊ နိုဝင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် တွေ့လိုက်ရသည်။...

မြန်မာပြည်မြောက်ပိုင်းအရပ်ကြီးနှင့် သူ့အမြင်နှင့်သူ့အတွေး

 ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်နှင့် သူ့အတွေးစာအုပ်နှင့်ပတ်သက်၍ “အတွေ့အကြုံများခဲ့သော သက်ကြီးရွယ်အို စာရေးဆရာတစ်ယောက်ဖြစ်၍ ဗဟုသုတစုံ၏။ လောကကို တည့်တည့်ကြည့်တတ်၍ ရယ်ရင်းပြုံးရင်းနှစ်သိမ့်ရ၏။ ပညာရေးအရာရှိဟောင်းတစ်ဦးဖြစ်၍ အတွေးအခေါ်ခေတ်မီ၏။ အစိုးရအရာရှိအဖြစ် အနယ်နယ်အရပ်ရပ်စုံခဲ့သောကြောင့် ဒေသန်္တရှဗဟုသုတတိုး၏။"ဟု ဝေဖန်ခဲ့သည်။ နိုဝင်ဘာ ၃၀...

ဂျိမ်းဖောပွဲတော်နှင့် ဆရာမျိုးမြင့်ဆွေ

“နေအရုဏ် အောင်လံစိုက်စေတော့ ဆွေအစုံတောင်ယံတ၀ှိုက်မှာ ဒေါင်မရေ.. ကလိုက်ချည့်သေး..။"ဟူသော ဂျိမ်းဖောပွဲတော်သီချင်း စာသားကို သီချင်းချစ်သူအများစုက သိကြသည်။ ပျော်ပျော်ရွှင်ရွှင်သီဆိုကြသည်။ သို့သော်ဆရာမျိုးမြင့်ဆွေအကြောင်းကိုသိသူတော့ နည်းပါလိမ့်မည်။ ဂျိမ်းဖော်ပွဲတော်သီချင်းကို ၁၉၇၀ ခန့်က ကျော်ဟိန်းနှင့်စန္ဒာ၏ နုနုငယ်ငယ်ရုပ်ရှင်ဇာတ်ကားတွင် သီဆိုကြသည်။ တက်္ကသိုလ်အေးမောင် ၊ ပီတာဘသိန်း၊ ဇော်ဝမ်းတို့မှစ၍  ဟေမာနေ၀င်း၊ စိုးလွင်လွင်၊...