ဂဠုန်နေတဲ့ ရေခဲရိုက်မြို့တော် Frozen City
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀ နှင့် အထက်ရှိသော ကချင်ပြည်နယ် အရှေ့ပိုင်းက တောင်ကုန်း၊ တောင်တန်းများရှိရာဒေသသို့ အလည်တစ်ခေါက် ရောက်ခဲ့သည်။ အလည်တစ်ခေါက် ဆိုသည်ထက် ဒေသအခြေအနေသိရန် အလည်သက်သက် သွားရောက်ခဲ့ခြင်းဆိုလျှင် ပို၍မှန်ပါလိမ့်မည်။ ဝိုင်းမော်မြို့မှတစ်ဆင့် မေခမြစ်ရိုးအတိုင်း အထက်ဘက်ကို ဆန်တက်သွားရသည့် ထိုလမ်းခရီးက အကွေ့အကောက်၊ အတက်အဆင်း အမြောက်အမြားနှင့် လမ်းက ဆိုးလွန်းလှသည်။ နိုင်ငံတော်အကြီး...
ကချင်ပြည်နယ် အစိုးရ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အသုံးစရိတ်လျာထားချက် ကျပ်သန်းပေါင်း တစ်သိန်းခုနှစ်သောင်းကျော်ရှိ
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၃
အစိုးရသစ်လက်ထက် အသစ်ပြင်ဆင်လိုက်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ဘဏ္ဍာရေးနှစ်သစ်အတွက် ကချင်ပြည်နယ် အစိုးရ၏အသုံးစရိတ် လျာထားချက်မှာ သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း လေးသောင်းကျော်ဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်မှာ ကျပ်သန်းပေါင်း တစ်သိန်းသုံးသောင်းကျော်ဖြစ်ကြောင်း ပြည်နယ် ရသုံး/မှန်းခြေ ငွေစာရင်းဦးစီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။
သာမန်အသုံးစရိတ် လျာထားငွေမှာ...
ဓလေ့ထုံးတမ်းအရ ၁၈ နှစ်အောက် ထိမ်းမြားခြင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အတည်ပြုလိုက်ခြင်း အပေါ် ပြည်သူများ အမြင်
မောင်တူးမိုင်
ပထမဦးဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ပြီးပြောချင်တယ်။ ဒီ မြန်မာ နိုင်ငံမှာကျတော့ ၁၈ နှစ် အောက်ဆိုရင် အများအားဖြင့် ကျောင်းမပြီးသေးတဲ့ အရွယ်ပေါ့နော်။ တချို့ ဆိုလို့ရှိရင် ဆယ်တန်းအောင်ပြီးခါစ တက္ကသိုလ်တက်မယ်။ ပြောရမယ်ဆိုရင် ကျောင်းသားဘဝပဲ ရှိသေးတောပေါ့။ အဲ့ဒီကျတော့ ပညာလည်း မပြီးသေးတဲ့အခါကျတော့ သူတို့အနေနဲ့က ဆန္ဒရှိလို့ ယောကျ်ား၊ မိန်းမ ယူကြတယ်ဆိုပေမယ့် မိသားစုတစ...
မေခမြစ်အထက်ပိုင်းရှိ ခါဘာကျေးရွာတွင် ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများရှိနေ
မြစ်ကြီးနား၊ ဒီဇင်ဘာ ၃
မေခမြစ်အထက်ပိုင်းရှိ မြစ်ကြီးနားမြို့နယ်၊ ခါဘာကျေးရွာတွင် စက်ယန္တရားကြီးများဖြင့် တူးဖော်နေသည့် ရွှေလုပ်ကွက်များကို နိုဝင်ဘာလ ၂၈ ရက်ကတွေ့ရှိခဲ့ရသည်။
ယင်းကျေးရွာတွင် ဒေသခံများ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေကြရာမှ ယခုနှစ် သြဂုတ်လပိုင်းက ဒေသခံမဟုတ်သော အမည်မသိရွှေလုပ်ငန်းရှင်များ ဝင်ရောက်လာကာ ဘက်ဟိုး ယန္တရား(၄)စီးဖြင့် လာရောက်တူးဖော်လုပ်ကိုင်နေကြောင်း သတင်းအရ မြစ်ကြီးနား...
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းမှုများ အဆက်မပြတ် လုပ်ဆောင်သွားရန် ဗြိတိန်သံအမတ်နှင့် အမေရိကန်သံအမတ်တို့ တိုက်တွန်း
ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နှစ်ဦးစလုံးက ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း စကားများများ ပြောဆိုဆွေးနွေးသွားကြရန် တိုက်တွန်းခဲ့သည်။
ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ၃ ရက်အကြာ ရောက်ရှိလာသည် ဗြိတိန်သံအမတ် Mr.Dan Chugg နှင့် အမေရိကန်သံအမတ် H.E Scot Marciel တို့က ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရေးနှင့် စစ်...