ဂဠုန်နေတဲ့ ရေခဲရိုက်မြို့တော် Frozen City
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀ နှင့် အထက်ရှိသော ကချင်ပြည်နယ် အရှေ့ပိုင်းက တောင်ကုန်း၊ တောင်တန်းများရှိရာဒေသသို့ အလည်တစ်ခေါက် ရောက်ခဲ့သည်။ အလည်တစ်ခေါက် ဆိုသည်ထက် ဒေသအခြေအနေသိရန် အလည်သက်သက် သွားရောက်ခဲ့ခြင်းဆိုလျှင် ပို၍မှန်ပါလိမ့်မည်။ ဝိုင်းမော်မြို့မှတစ်ဆင့် မေခမြစ်ရိုးအတိုင်း အထက်ဘက်ကို ဆန်တက်သွားရသည့် ထိုလမ်းခရီးက အကွေ့အကောက်၊ အတက်အဆင်း အမြောက်အမြားနှင့် လမ်းက ဆိုးလွန်းလှသည်။ နိုင်ငံတော်အကြီး...
ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ
နိုဝင်ဘာ -၂၀
ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီး ယနေ့မွန်းလွဲ (၂)နာရီ အချိန်က မြေစာပုံဟောင်းပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြိုကျခဲ့သည့် မြေစာပုံဟောင်းသည် သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီ၏ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံတွင် ရွှေနှင့်ကျောက်မျောတိုက်ရင်း မြေစာပြိုကျခဲ့ခြင်းကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း မလောင်ကျေးရွာအုပ်ချုပ်ရေးမှ...
“ကျွန်တော့်ကိုရွေးခဲ့တဲ့ပြည်သူတွေ မျက်နှာမပျက်စေရဘူး” ဆိုတဲ့လူငယ်လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းနှင့်တွေ့ဆုံခြင်း
ကိုအောင်ဟိန်းမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးတွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်စားများအနက် အသက်အငယ်ဆုံး ဖြစ်သည်။ သူသည် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။ ၎င်း၏ အသက်ယခုအခါ ၂၅ နှစ်သာ ရှိသေးသည်။ထို့ကြောင့် လူငယ်ကိ...
မြန်မာ့ဂုဏ်ဆောင် ကချင်ပြည်နယ်သူ ၊ နိုင်ငံတကာဆယ်ကျော်သက်အလှမယ်နှင့် တွေ့ဆုံခြင်း
ယခုတစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ ကချင်ပြည်နယ်က နိုင်ငံတကာ Miss International Teen Of The Year 2018 အလှမယ်လေးတစ်ဦးကို တွေ့ဆုံမေးမြန်းထားပါတယ်။ သူက လော်ဝေါ်တိုင်းရင်းသူ အလှမယ်လေးတစ်ယောက်ဖြစ်ပြီး သူ့နာမည်က လဒွမ်လွမ်းနောလို့ ခေါ်ပါတယ်။
သူမဟာ လော်ဝေါ်တိုင်းရင်းသူတွေထဲမှာ ပဉ္စမမြောက်အလှမယ်ဖြစ်ပေမယ့် နိုင်ငံတကာ အလှမယ်လောကကို ပထမဆုံးခြေချခဲ့တဲ့ သူလို့ဆိုရမှာပါ။ သူက မတ်လ ၃၁ ရက်နေ့က ဝိုင်းမော်မှာ ကျင်း...
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပွင့်လင်းမြင်သာမှုအားနည်းဟု ဥပဒေပညာရှင်နှင့် တိုင်းရင်းသားပါတီခေါင်းဆောင်များ သုံးသပ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည ပွင့်လင်းမြင်သာမှုအားနည်းပြီး ပြင်ဆင်ရမည်များ အများအပြားရှိကြောင်း ဥပဒေပညာရှင်နှင့် တိုင်းရင်းသားပါတီခေါင်းဆောင်များက ပြောသည်။
လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ပွင့်လင်းမြင်သာမှုနည်းခြင်းကြောင့် ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲကော်မရှင်ဥပဒေမျိူးဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင...